skip to content
 
ရန်ကုန်၊ စက်တင်ဘာလ(၃)ရက်။
 
အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူ များ၊  အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့်  ဉာဏ်ရည်ထက်မြက်ပြီး  ပညာရေးပါထူးချွန်၍ ကျန်းမာသန်စွမ်းသော ကျောင်းသား/လူငယ်များဖြစ်ပေါ်လာစေရေးနှင့်  အခြေခံကျောင်းများတွင် အားကစားကဏ္ဍပြန့်ပွားစေရေး၊ အားကစားထူးချွန်သောလူငယ်များ ရှာဖွေဖော်ထုတ်နိုင်မှသာ  နှစ်စဉ်ကျင်းပသော  ASEAN Schools Games   ပြိုင်ပွဲများ ASEAN  University  Games ပြိုင်ပွဲများသို့ အခြေခံပညာကျောင်းများမှ ကျောင်းသားလက်ရွေးစင်များပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အခြေခံပညာ ကျောင်းပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီကရန်ကုန်မြို့ မဂင်္လာတောင်ညွန့် မြို့နယ်အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံလေလုံ)အားကစားရုံ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယ ñွှန်ကြားရေးမှူး ဦးအောင်သန်းဝင်း၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကြည့်ရှု အားပေးကြသည်။
 
ပြိုင်ပွဲဝင်ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များမှ  အမျိုးသား(၅၈)သင်း၊ အမျိုးသမီး(၂၂)သင်း တို့မှ အားကစားသမားပေါင်း (၂၇၆)ဦးတို့သည် အမျိုးသား/အမျိုသမီး အသင်းလိုက် ပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများကျင်းပမှာဖြစ်ပြီးပြိုင်ပွဲအားလုံးကို (ရှုံး/ထွက်) စနစ်ဖြင့်  ယှဉ်ပြိုင်စေကာ ဒုတိယအဆင့်တွင် အုပ်စုပြန်ခွဲ၍ ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း  နှင့်ပြိုင်ပွဲများကို စက်တင်ဘာလ(၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 

back to top Eng