skip to content

 

ဘားအံ ၇ ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Township Sport Development Programme) (TSDP) အရ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ ရက် ညနေ ၃ နာရီက အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

 

 

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ထုံးအိုင်ကျေးရွာဘောလုံးအသင်းနှင့် လှာကာကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထုံးအိုင်ကျေးရွာဘောလုံးအသင်းက အချိန်ပိုတွင် ၂ ဂိုး ၁ ဂိုး အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုများ၊ နေရာလိုက် အကောင်းဆုံးအားကစားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားဆုတို့ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်ကောင်း၊ ဒုတိယဆုရရှိသော လှာကာကျေးရွာဘောလုံးအသင်းအား ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ဆုကလပ်နှင့် ငွေသားဆုကိုလည်ကောင်း၊ ပထမဆုရရှိသော ထုံးအိုင်ကျေးရွာဘောလုံးအသင်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ငွေသားဆုကိုလည်ကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က အနိုင်ရဗိုလ်စွဲသွားသော ထုံးအိုင်ကျေးရွာ ဘောလုံးအသင်းအား တံခွန်စိုက်ဆုကလပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)


back to top Eng