skip to content

 

 

အင်တော ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်တောမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် မြို့အုပ်ချုပ်ရေးမှူးဖလား ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) ရပ်ကွက် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရပ်စောက်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ဘောလုံးပေးအပ်ပြီး အ.ထ.က (အင်တော) ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ကြပြီး ကျောင်းသူများက ထာဝရမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

 

 

အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ အမျိုးသားဘောလုံးအသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့ကွင်းဖွင့်ပွဲတွင် နောင်လုံကျေးရွာစုနှင့် အုန်းကွဲကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ နောင်လုံကျေးရွာအုပ်စုအသင်းက ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

အောင်ခိုင်(အင်တော ပြန်/ဆက်)


back to top Eng