ပခုက္ကူ ၁၄ ဖေဖော်ဝါရီ။
ပခုက္ကူမြို့ ဟိုတယ်ရိုးမမှ အဓိကကူညီပံ့ပိုးသော မြေလတ်ဧရာ(ဧရာအနောက်)ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီက ၁၃ ရက် ညနေ ၃ နာရီခွဲက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် လူငယ်အသင်းက ဧရာအနောက်(ပခုက္ကူအသင်း)အား လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။
အခမ်းအနားတွင် ပထမဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် လူငယ်အသင်းအား မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ပြီး ဒုတိယဆုရရှိသော ဧရာအနောက် (ပခုက္ကူ) အသင်းနှင့် နေရာအလိုက် အကောင်းဆုံးရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိကျင်းပခဲ့ပြီး ဗိုလ်လုပွဲသို့ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးထွဋ်နှင့် တာဝန်ရှိသူများ၊ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ ၊ ဘော်လုံးဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
crd to: mdn.gov.mm