skip to content
 
နေပြည်တော်၊ ဧပြီ(၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်များတို့ပူးပေါင်းဖွင့်လှစ်သည့်  ၂ဝ၁၈ခုနှစ်၊ အခြေခံမြားပစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လည်(၁၂းဝဝ)နာရီအချိန်တွင် မွန်ပြည်နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးအောင်မြင့်ခိုင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြပါသည်။
 
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် ၂ဝ၁၈ခုနှစ် အခြေခံမြားပစ် သင်တန်းသည် ရက်(၂ဝ)ကြာဖွင့်လှစ်ခဲ့သည့်အတွက် မြားပစ်အားကစားနည်းကို အခြေခံမှစ၍ မှန်ကန်ကောင်းမွန်စွာသင်ကြားတတ်မြောက်သွားမည်ဖြစ်ကြောင်း၊ မြားပစ်အားကစားနည်းသည် စိတ်အာရုံစုစည်းမှုကို အဓိကထားပြီး မိမိကိုယ်ကိုယုံကြည်မှုပြည့်ဝဖို့လည်းလိုအပ်ပါကြောင်း၊ မြားပစ်သင်တန်းမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများစွာထွက်ပေါ်လာရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကာယ၊ဥာဏ၊ စာရိတ္တများ အပြင် တစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီးမှုရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်းစသည် အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် ကြိုးစားလေ့ကျင့်သွားကြရန်နှင့် ထူးချွန်ထက်မြက်သောမြားပစ်အားကစားသမားများ ဖြစ်လာစေရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
 
 
ယင်းနောက် လက်ရည်စစ်မြားပစ်ပြိုင်ပွဲတွင် ဆုရရှိသူသော သင်တန်းသား/သူများအား ဆုချီးမြှင့်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးအောင်မြင့်ခိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊  သင်တန်းဆင်းလက်မှတ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌဦးဇေသီဟတို့မှလည်းကောင်း အသီးသီးပေးအပ် ချီးမြ§င့်ခဲ့ပါသည်။
 
အဆိုပါ ၂ဝ၁၈ခုနှစ်၊ အခြေခံမြားပစ်သင်တန်းကို (၁၇-၃-၂ဝ၁၈)ရက်နေ့မှ (၆-၄-၂ဝ၁၈) ရက်နေ့အထိ မွန်ပြည်နယ်ရာမညအားကစားကွင်းတွင် သင်တန်းသား/သူ (၄၄)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng