ရန်ကုန် ၊ အောက်တိုဘာလ (၁၀)ရက်။
တစ်နိုင်ငံလုံးရှိပြည်သူများ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရမည်ဟူသော အသိရရှိစေရန် ၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine ဆောင်ပုဒ်ဖြင့် ယနေ့ နံနက် (၆)နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းရှေ့ရှိ သုမင်္ဂလာပန်းခြံ၌ ဦးဘွန်းဇော်ခိုင် ဦးဆောင်၍ လူဦးရေ (၁၀၀) ကျော်ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားကစားခဲ့ကြောင်း သိရှိရသည်။