Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ရွှေ(၂)၊ ငွေ(၂)၊ ကြေး(၁)ခုရ ပိုက်ကျော်ခြင်းအသင်း၊ ငွေတံဆိပ်ဆုရ ဟော်ကီအသင်း၊ ကြေးတံဆိပ်(၄)ဆုရ တိုက်ကွမ်ဒိုအသင်းများ ကြိုဆို
ရန်ကုန်၊ သြဂုတ်လ(၃ဝ)ရက်။
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲများပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တကွ အာရှခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌ၊ အရှေ့တောင်အာရှ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့်ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင် ဦးဆောင်သော အုပ်ချုပ်သူအဖြစ် အတွင်းရေးမှူး ဦးထွဋ်ခိုင်နွယ်၊ နည်းပြအဖွဲ့ဝင်များနှင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၁) ခုရအောင်ပွဲရမြန်မာ့လက်ရွေးစင် အားကစားမောင်/မယ်များ ပါဝင်သည့်ပိုက်ကျော်ခြင်းအသင်း၊ ဒုတိယငွေတံဆိပ်ဆုကိုရယူပေးနိုင်ခဲ့သော မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော် ဦးဆောင်သည့် အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများပါဝင်သည့် ဟော်ကီအသင်း၊ ကြေးတံဆိပ်(၄)ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် ဒုတိယဥက္ကြ ဦးဇော်ဝင်း ဦးဆောင်ကာ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများပါဝင်သည့်တိုက်ကွမ်ဒိုအသင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဘုန်းကျော်မိုးမြင့် ဦးဆောင်သော ရွက်လှေအသင်း၊ မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးသန်းဝင်း ဦးဆောင်သော ခရစ်ကတ်အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းတို့သည် ယနေ့ နံနက်ပိုင်းနှင့်ညပိုင်းများတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဌများ၊ အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းကျောင်းမှ အားကစားသမားမောင်/မယ်များ၊ မိဘဆွေမျိုး များက အိုးစည်ဒိုးပတ်များတီး၍လည်းကောင်း၊ ပန်းစီးများ၊ ပန်းကုံးများကမ်း၍ လည်းကောင်း လှိုက်လှိုက်လှဲလှဲ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ပိုက်ကျော်ခြင်း အားကစားနည်းတွင် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ပြိုင်ပွဲအမျိုးအစား (၅)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ဆု၊ အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ဆု ၊ အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲ၌ ငွေတံဆိပ်(၁)ဆု၊ အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ဆု၊ အမျိုးသား (၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၌ ငွေတံဆိပ်(၁)ဆု စုစုပေါင်း ရွှေ(၂)ခု ၊ ငွေ(၂)ခု၊ ကြေး(၁)ခုတို့ကို နိုင်ငံတော်အတွက်ရယူပေးနိုင်ခဲ့ပြီး အလားတူ မြန်မာ့လက်ရွေးစင် ခြင်းလုံးအသင်းကလည်း ရွှေတံဆိပ် (၂)ဆုကို ရယူပေးနိုင်ခဲ့သောကြောင့် ပိုက်ကျော်ခြင်း နှင့်ခြင်းလုံးအားကစားနည်းတို့မှ စုစုပေါင်း ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ် (၁)ခုတို့ကို နိုင်ငံတော်အတွက် ရယူပေးနိုင်ခဲ့သောကြောင့် အအောင်မြင်ဆုံး အားကစား နည်းလည်းဖြစ်ပါတယ်။ အလားတူ ဒုတိယငွေတံဆိပ်ဆုကို မြန်မာ့လက်ရွေးစင် ဟော်ကီ အမျိုးသား အသင်းမှလည်း ထိုက်ထိုက်တန်တန်ရယူခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင် ဟော်ကီ အသင်း သည်
World Ranking
အဆင့်(၅၈)အဆင့်သာရှိပြီး
World Ranking
အဆင့်(၁၂)ရှိသော မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သည့် ကာလတစ်လျှောက် ယခုအကြိမ်ပြိုင်ပွဲသည်
Final
အဆင့်သို့ ပထမဦးဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သော အမျိုးသား ဟော်ကီအသင်းဖြစ်ပါသည်။
ဆက်လက်ပြီး မြန်မာ့လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းသည် အမျိုးသမီး (၄၉) ကီလိုအောက် ဖလိုင်းဝိတ်တန်းမှ မဒေစီဦးဂျူးလိယက် ကတတိယ ကြေးတံဆိပ်(၁)ဆု၊ (၅၄) ကီလိုဝိတ်တန်းမှ ဇော်လင်းထက်က တတိယကြေးတံဆိပ်(၁)ဆု၊ ကကွက် အမျိုးအစား ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်း ကကွက်ပြိုင်ပွဲ၌ သက်မြတ်နိုးဝေ ကကြေးတံဆိပ်(၁)ဆုနှင့် အမျိုးသားတစ်ဦးချင်း ကကွက်ပြိုင်ပွဲ၌ ဆန်းရှိုင်းက ကြေးတံဆိပ်(၁)ဆုတို့ အသီးသီးရရှိခဲ့ပြီး မြန်မာအားကစားအသင်းအနေဖြင့် စုစုပေါင်း ရွှေ(၇)ခု၊ ငွေ(၁ဝ)ခု၊ ကြေး(၂ဝ)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇) ရရှိခဲ့ကြောင်းသတင်းရရှိသည်။
36 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display