ဟိုပုံး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ (တတိယပတ်)ကို ဒီဇင်ဘာလ (၁၄)ရက်နေ့နံနက် ၅ နာရီခွဲ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၁၀၅၀)ဦးခန့် ပါဝင်ဆင်နွှဲကြပြီး စုရပ်ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စတင်ကာမြို့ပတ်လမ်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အားကစားကွင်၌ ကာယလေ့ကျင့်ခန်းနှင့် Myanmar FitnessDance အကကို ပျော်ရွှင်စွာစုပေါင်းပြုလုပ်ကြပြီး ပါဝင်လမ်းလျှောက်သူများအား မြို့နယ်လမ်းဦးစီးဌာနမှကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ပြန်/ဆက်)