skip to content

ရှမ်းပြည်နယ် ၂၉.၄.၂၀၁၉ ရက်​​ ။

၂၉.၄.၂၀၁၉ ရက်​​နေ့၊ နံနက်​ ၁၀:၀၀ နာရီအချိန်​၊ ရှမ်းပြည်​နယ်​​လေ့ကျင့်ရေးအားကစားရုံ၌ ၂၀၁၉ခုနှစ်​၊ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ဖလား ခရိုင်​အလိုက်​ အသက်​(၂၅)နှစ်​​အောက်​ အမျိုးသား/အမျိုးသမီး ​ဘော်​လီ​ဘော ပြိုင်​ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်​ပါသည်​။

ပြိုင်​ပွဲကို ၂၉.၄.၂၀၁၉ ရက်​​နေ့မှ ၄.၅.၂၀၁၉ ရက်​​နေ့အထိ ခရိုင်​အလိုက်​အမျိုးသားအသင်း (၁၀)သင်း၊ အမျိုးသမီးအသင်း(၉ )သင်း ပါဝင်​ယှဉ်​ပြိုင်​လျက်​ရှိပါသည်​။
ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​ ပြည်​နယ်​လူမှု​ရေးဝန်​ကြီး၊ ရှမ်းပြည်​နယ်​အားကစားနှင့်ကာယပညာ​ကော်​မတီ ဥက္ကဌ ​ဒေါက်​တာမျိုးထွန်း က အဖွင့်အမှာစကား​ပြောကြား​ပေးခဲ့ပါသည်​။

အခမ်းအနားသို့ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ ကိုယ်​စား ပြည်​နယ်​လူမှု​ရေးဝန်​ကြီး ၊ ရှမ်းပြည်​နယ်​အားကစားနှင့်ကာယပညာ​ကော်​မတီ ဥက္ကဌ ​ဒေါက်​တာမျိုးထွန်း ၊ ဖိတ်​ကြားထား​သော ဌာနဆိုင်​ရာအကြီးအကဲများ၊ ပြည်​နယ်​အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်​ကြား​ရေးမႉး ဦး​ကျော်​​ကျော်​သိန်းတို့မှ တက်​​ရောက်​ခဲ့ပါသည်​။
 


back to top Eng