skip to content

 

 

နေပြည်တော် ဇန်နဝါရီ ၁။

 

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၉နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ယှဉ်ပြိုင်ကြသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် အုပ်စု (ဃ) ဒုတိယ နယ်စပ်ရေးရာအသင်းနှင့် အုပ်စု(က) ပထမ ကျန်းမာရေးနှင့် အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် နယ်စပ်ရေးရာအသင်းကလည်းကောင်း၊ အုပ်စု (ခ) ပထမ ဗဟိုဘဏ်အသင်းနှင့် အုပ်စု (ဂ) ဒုတိယ လျှပ်စစ်နှင့် စွမ်းအင်အသင်းတို့ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ဗဟိုဘဏ်အသင်းကလည်းကောင်း၊ အုပ်စု (ဂ) ပထမ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအသင်းနှင့် အုပ်စု (ခ) ဒုတိယ ပညာရေးအသင်းတို့ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေ:အသင်းကလည်းကောင်း ၊ အုပ်စု(ဃ) ပထမ ပြည်ထဲရေးအသင်းနှင့် အုပ်စု(က) ဒုတိယ ကာကွယ်ရေးအသင်းတို့ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ပြည်ထဲရေးအသင်းက လည်းကောင်း အနိုင်ရရှိသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များအပြီးတွင် နယ်စပ်ရေးရာအသင်း၊ ဗဟိုဘဏ်အသင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအသင်း၊ ပြည်ထဲရေးအသင်းတို့က ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီးဖြစ်သည်။ ဇန်နဝါရီ ၂ ရက် (ယနေ့) တွင် ဆီမီးဖိုင်နယ်ပွဲစဉ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို တစ်ရက်တည်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

 

 


back to top Eng