ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဦးစီး၍ (၉)ကြိမ်မြောက် သက်ကြီး မြန်မာ့လက်ရွေးစင် ဘောလုံးနည်းပြ ဟောင်းများအား ပူဇော်ကန်တော့ပွဲ နှင့် လက်ရွေးစင်ဘောလုံးသမား ဟောင်းများ ချစ်ကြည်ရေးဘောလုံးယှဉ်ပြိုင်ကစားပွဲ ကို ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်း ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်အောင် က ဦးဆောင်၍ သက်ကြီးမြန်မာ့ လက်ရွေးစင် ဘောလုံးနည်းပြများ အား မြန်မာ့လက်ရွေးစင်ဘောလုံး သမားများက ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ခဲ့ကြသည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် ဟောင်းကြီး ဦးသိန်းအောင် (၈၆)နှစ် က ဆုံးမဩဝါဒစကား ပြောကြား သည်။ ယင်းနောက် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း များ နှင့် Mayangone Old Star ကလပ်အသင်းတို့က လွတ်လပ်ရေး အထိမ်းအမှတ်ဂုဏ်ပြု ချစ်ကြည် ရေး ဘောလုံးယှဉ်ပြိုင်ကစားခဲ့ကြ ပြီး သက်ကြီးလက်ရွေးစင် ဘောလုံး သမားဟောင်းများ အစုအဖွဲ့သို့ လွတ်လပ်ရေးနေ့ အမှတ်တရ ဂုဏ်ပြု ဆုဖလားပေးအပ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)