အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်က အားကစားနည်း(၄) မျိုးနဲ့ ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ (၈) ရက်မှာတော့ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုကို ရေကူးအားကစားနည်းက အောင်မြင့်မြတ်က ရယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အောင်မြင့်မြတ်က မီတာ (၁၀၀) ရေကူး အလွတ်တန်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆုကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
#(Weekly Sports Diary မှ ကောက်နှုတ်ဖော်ပြသည်)