skip to content

 

၇ ဇူလိုင်

ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ  အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့်  International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအိုက်ပန်၊  ဦးမြင့်အောင်နှင့် Junior Golf Myanmar မှ ဒေါ်မြင့်မြင့်သန်းတို့က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။                

ပြိုင်ပွဲဝင်မည့် အသင်းအုပ်ချုပ်သူအဖြစ် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟ ဦးဆောင်ကာ Junior Golf Myanmar  မှ ကစားသမားများဖြစ်ကြသော ဖြိုးဇံ၊ ကေင်းမြတ်ကျော်၊ ဇွဲထက်အောင်၊ မင်းစစ်သွေး၊ ထွန်းသူရိန်၊ မင်းသံလွင်အောင်၊ လင်းဖြိုးသူ၊ ဝေယံလင်း၊ လင်းသန့်အောင်၊ ကျော်လင်းထက်၊ သံလွင်မိုးသက်တို့ ပါဝင်ပြီး ယင်းကစားသမား ၁၁ ဦးသည် သက်တန်းအလိုက် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင် ၊ ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်


back to top Eng