skip to content
 
နေပြည်တော်၊ အောက်တိုဘာ(၁၉)ရက်။
 
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် တင်းနစ်နည်းပြသင်တန်း (အဆင့်-၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နေ့လည် (၂)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်၊ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်နှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်မှ တာဝန် ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ Mr.Suresh Menon ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင် မှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများကို မိမိတို့တွင် ရှိသော အတွေ့အကြုံကောင်းများနှင့် ဆက်စပ်ပေါင်းစပ်ပြီး နိုင်ငံတော်၏ တင်းနစ် အားကစား တိုးတက်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်ကျင့်သုံး လိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ အားကစားတိုးတက်မြှင့်တင်ရေး လုပ်ငန်းတာဝန်များကို အမျိုးသားရေး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
 
 
 
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ နည်းစနစ် ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ Mr.Suresh Menon သင်တန်းဆင်း အမှာစကား ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သင်တန်းသားများ ကိုယ်စား သင်တန်းသား ခေါင်းဆာင်သို့ IOC/OS မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ Mr.Suresh Menon က သင်တန်းသားများ ကိုယ်စား သင်တန်းသား ခေါင်းဆာင်သို့ (ITF) မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင် က သင်တန်းသားများ ကိုယ်စား သင်တန်းသား ခေါင်းဆာင်သို့ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ပေးအပ်သော သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး  သင်တန်းတွင်ပို့ချပေးသော နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ Mr.Suresh Menon အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် သင်ကြား ပို့ချပေးသော အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ချုပ်မှ မလေးရှားနိုင်ငံမှ Mr.Suresh Menon အား အမှတ်တရလက်ဆောင်ပစ္စည်း များကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

back to top Eng