skip to content

နေပြည်တော်၊ ဇွန်(၂၇)ရက်။                

အပြည်ပြည်ဆိုင်ရာ Olympic နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့ ညနေ(၃:၃ဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိ၊ TC-1 ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲများအပြီးတွင် နှစ်ယောက်တွဲ အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် အောင်ပြည့်ထွန်း၊ ဇင်မင်းဦး (အတွဲ)မှပထမ၊ အောင်မျိုးနိုင်၊ ဇင်ကို(အတွဲ)မှ ဒုတိယနှင့် နေလင်းအောင်၊ ထက်မြတ်သူ၊ အောင်နိုင်ဦး(အတွဲ)မှ တတိယဆုများရရှိခဲ့ပြီး ဆုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ သုံးယောက်တွဲ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် ဆုမွန်အောင်၊ ဖြူဖြူသန်း၊ခင်နှင်းဝေ(အတွဲ)မှ ပထမ၊ နန့်ယဉ်ယဉ်မြင့်၊ နန်းဆုမြတ်စံ၊ အေးအေးသန်း(အတွဲ)မှ ဒုတိယနှင့် ကြူကြူသင်း၊ ဆုရည်လတ်၊ ယမုံဇင်(အတွဲ)မှ တတိယဆုများရရှိခဲ့ပြီး ဆုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ လူသစ်တန်း အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ထူးအောင်ကျော်၊ နေခြည်ကိုကို၊ ရန်နိုင်ထွေး(အတွဲ)မှ ပထမ၊ အောင်ပြည့်ဖြိုး၊ အောင်သက်ဖြိုး၊ ဝေယံဖြိုး(အတွဲ)မှ ဒုတိယနှင့် ဖြိုးဝေဦး၊ စိုင်းကိုထွေး၊ ဉာဏ်လင်းနိုင်(အတွဲ)မှ တတိယဆုများရရှိခဲ့ပြီး ဆုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှလည်းကောင်း  ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng