Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အမေရိကန်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် World Junior Golf Series - 2017 American Junior ပြိုင်ပွဲတွင် ပထမဆုရခဲ့သော ဟိန်းစည်သူအား ဂုဏ်ပြုခြင်းနှင့် Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) က ဂေါက်သီးအဆင့်အတန်းပိုမိုအောင်မြင်စေ
ရန်ကုန်၊ ဇန်နဝါရီလ(၂၁)ရက်။
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် World Junior Golf Series - 2017 American Junior ပြိုင်ပွဲတွင် ပထမဆုရခဲ့သော ဟိန်းစည်သူအား ဂုဏ်ပြုခြင်းနှင့် Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) က ဂေါက်သီးအဆင့် အတန်းပိုမိုအောင်မြင်စေရန် Sponsor အဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့ ပြည်လမ်းမရှိ Novotel Yangon Max Hotel ရှိ မန္တလေးခန်းမ၌ကျင်းပရာအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဝင်းလှိုင်(ငြိမ်း) မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကြ ဦးကိုကိုအေး၊ ဒုတိယဥက္ကဌ ဦးအောင်ကြည် နှင့်အမှုဆောင်များ၊ ပထမဆုရရှိခဲ့သော ဟိန်းစည်သူနှင့် Professional ကစားသမားရဲထက်အောင်၊ ဖိတ်ကြားထားသော သတင်းနှင့်စာနယ်ဇင်မီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နာယက ဗိုုလ်ချုပ်ဝင်းလှိုင်(ငြိမ်း) က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဒုတိယဥက္ကြ ဦးအောင်ကြည် က ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဌ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) မန်နေဂျင်ဒါရိုက်တာ ဦးကိုကိုအေးက အမေရိကန်နိုင်ငံ World Golf Village ဂေါက်ကွင်း၌ ဒီဇင်ဘာလ(၂၈)ရက်နေ့ မှ (၃ဝ)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် World Junior Golf Series - 2017 American Junior ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ဟိန်းစည်သူ၊ အဆင့်(၉)ရရှိသော ဖူးပွင့်ရတီခိုင်၊ အဆင့်(၂၉)ရရှိသော ကောင်းမြတ်ကျော်၊ အဆင့်(၃၁)ရရှိသော ဖြိုးဇံ၊ အဆင့်(၃၂)ရရှိသော မင်းသံလွင်အောင်တို့ အားဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခဲ့ပြီး လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ Professional ကစားသမား ရဲထက်အောင်အား အသိသက်သေများနှင့် Sponsor အဖြစ်အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည်။
ဆက်လက်၍ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) ဒါရိုက်တာ ဦးကျော်ကိုကိုချစ် က Professional ကစားသမား ရဲထက်အောင် နှင့် ဟိန်းစည်သူတို့ထံ အင်္ကျီ နှင့်ဦးထုတ်တို့အား ဂုဏ်ပြု လက်ဆောင်ပေးခဲ့သည်။
ယင်းနောက် ကစားသမားဟိန်းစည်သူ၏ လူငယ်ကစားသမားဘဝပြိုင်ပွဲများတွင် အုပ်ချုပ်သူအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဦးမျိုးထွန်း(ခ) ဦးပီတာက ဂုဏ်ပြု စကားပြောကြားကာ Professional ကစားသမား ရဲထက်အောင် ကကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display