Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ သင်တန်း(၃/၂ဝ၁၇)သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာလ(၁၁)ရက်။
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့်ဖွင့်လှစ်သည့် အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများ သင်တန်း(၃/၂ဝ၁၇)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံသင်တန်း ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်နှင့်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊မြန်မာနိုင်ငံအိုလံပစ်ကော်မတီဝင်များ၊ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ရေးကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/ သင်တန်း သူများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်ကအဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေနှင့် ရေတိုရေရှည်အစီအမံများနှင့် အားကစားနှင့်ကာယပညာဆိုင်ရာလုပ်ငန်းများ တိုးတက်မြင့်မားရေး၊ နိုင်ငံတော်၏အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းတွေမှာ အဓိကအကျဆုံးဖြစ်သည့် ထူးချွန်ထက်မြက်သော အားကစားသမားများ လူငယ်လူရွယ် များပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။ တချိန်ထဲမှာပဲ တစ်မျိုးသားလုံးကကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှုတွေကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသလို ခေတ်မီသိပ္ပံနည်းကျသည့် အားကစားနည်းစနစ်၊ နည်းဗျူဟာများ၊ ကျွမ်းကျင်သည့်အားကစားနည်းပြများ၊ နည်းစနစ်မှူးများ၊ အားကစားဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲသူများ၊ အားကစားနည်းအလိုက်အရည်အချင်း ပြည့်ဝသည့် ဒိုင်လူကြီးများ၊ လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများကိုလည်းဟန်ချက်ညီညီအကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်တွင် အားကစားလှုပ်ရှားမှုတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုလျှင် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် အာရှနိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများရဲ့အားကစား အဆင့်အတန်းကွာဟချက်ဟာအလွန်ကြီးမားနေတာကြောင့် အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီအနေနှင့် ဒီကွာဟချက်တွေမညီမမျှဖြစ်နေတာတွေကို အတက်နိုင်ဆုံးနီးစပ်ညီမျှ သွားအောင် အိုလံပစ်သွေးစည်းညီñွတ်ရေးအစီအစဉ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအနေနဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနဲ့ ပူးပေါင်းပြီး အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ယခုလို အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများသင်တန်းတွေကို နှစ်စဉ်(၃)ကြိမ်ဖွင့်လှစ် ပေးသွားမှာဖြစ်ပြီး၊ ဒီနေ့စတင် ဖွင့်လှစ်သွားမည့် အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများ သင်တန်း (၃/၂ဝ၁၇) အနေနဲ့ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး အတွက်များစွာ အထောက်အကူ ပြုပံ့ပိုးပေးနိုင်မယ့် အလွန်ထိရောက်တဲ့ သင်တန်းဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းတက်ရောက် ကြမည့်သင်တန်းသားများအနေနဲ့ သင်တန်းကပို့ချပေးမည့် အားကစား အသိပညာ၊ အတတ် ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ ပေါင်းစပ်ပြီး မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ပြန်လည် အသုံးချ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်အောင် အစွမ်းကုန်ကြိုးပမ်းသွားကြပါ၊ နိုင်ငံတော်ရဲ့ အားကစား တာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လေးလေးနက်နက်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ (ကာယ)များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အားကစားနည်းပြအရာရှိများ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ရုံးအုပ်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်မှ နည်းပြ/နည်းစနစ်မှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊တောင်ကြီး၊ မုံရွာ၊လွိုင်ကော်) မှဦးစီးအရာရှိ၊ ရုံးအုပ်၊ နည်းပြ/နည်းစနစ်မှူးများ ၊စုစုပေါင်း (၃၇)ဦး တက်ရောက်ပြီး ဒီဇင်ဘာ(၁၅) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
23 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display