skip to content

ရန်ကုန် ၊ ဇန်နဝါရီလ (၂၀) ရက်။             

၂၀၁၉ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၇)နှစ်အောက်နှင့် အမျိုးသား ဘောလုံးပြိုင်ပွဲတွင်  ပထမဆုဖလားရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်  ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းအား သြဝါဒစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းရင်သားရေးရာဝန်ကြီး  ဦးဇော်အေးမောင် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တိုင်း ၊ ခရိုင်၊ မြို့နယ် အသီးသီးမှ အရာထမ်း/ အမှုထမ်းများ အသင်းအုပ်ချုပ်သူနှင့် ဆုရအားကစားသမားများ ပြိုင်ပွဲဝင် အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားနှင့် သြဝါဒစကားပြောကြားပြီး အသက်(၁၇) နှစ်နှင့်အောက် အမျိုးသားဘောလုံးအသင်းမှ ပထမတံခွန်စိုက်ဆုဖလားအား ဝန်ကြီးချုပ်ချုပ်ထံသို့ အပ်နှင်းရာ ဝန်ကြီးချုပ်က လက်ခံပြီး ဂုဏ်ပြုဆု၍ငွေကျပ် (၄၆) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့သည််။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းအနေဖြင့် အုပ်စု(ခ)တွင် ချင်း၊ ရခိုင်၊ ကရင် အသင်းများဖြင့် တစ်အုပ်စုထဲကျခဲ့ရာ ချင်းအသင်းအား (၃ : ၀) ဂိုး မရှိဖြင့် လည်းကောင်း၊ ရခိုင်အသင်းအား (၆ : ၀)ဂိုး မရှိဖြင့်လည်းကောင်း၊ကရင်အသင်းအား (၄ : ၁) ဂိုး တို့ဖြင့် အသီးသီးအနိုင်ရရှိပြီ အုပ်စုပထမဖြင့် ကွာတာဖိုင်နယ်သို့ တက်ရောက်ရာ ကချင်အသင်းနှင့် တွေ့ဆုံခဲ့ရာ (၄ : ၀) ဂိုး မရှိဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်တွင် ဧရာဝတီအသင်းနှင့် တွေ့ဆုံရာ (၃ : ၁) ဂိုး ဖြင့် အနိုင်ရရှိပြီး ဖိုင်နယ်တွင် မန္တလေးတိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပင်နယ်တီအဆုံအဖြတ် (၅ : ၃) ဂိုး ဖြင့် အနိုင်ရရှိပြီး ပထမတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးရရှိခဲ့ ပါကြောင်း သိရှိရသည်။


back to top Eng