skip to content

ပုသိမ်၊ ဒီဇင်ဘာ ၂၆

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် ကျောက်တိုင်အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၃၀၀၀၊ မီတာ ၁၅၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ တန်းမြင့်ခုန်၊ သုံးဆင့်ခုန်၊ လှံတံပစ်၊ သံပြားဝိုင်းပစ်၊ အလျားခုန် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများပါ၀င်ပြီး ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြို့နယ်အားကစားမှူးများက ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ၂၆ မြို့နယ်မှ အားကစားသမား ၃၀၀ကျော် လာရောက် ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲအသီးသီးမှ အားကစားသမားများအား စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Crd:မြ၀တီသတင်းစာ


back to top Eng