Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်
ရန်ကုန်၊ ဒီဇင်ဘာ (၆)။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကြီးတွင် လှေလှော် ကစားနည်းများအနက် အနောက်တိုင်း လှေပြိုင်ပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
အနောက်တိုင်းလှေပြိုင်ပွဲကို မီတာ ၁ဝဝဝ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး တစ်ယောက်ချင်း လှော်၊ ကိုယ် အလေးချိန်ပေါ့ တစ်ယောက်လှော်၊ ကိုယ်အလေးချိန်ပေါ့ နှစ်ယောက်လှော်၊ လေးတက် လှော်နှင့် ပဲ့ကိုင်ပါ ရှစ်တက်လှော် စသည့်ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ပါဝင်မည်ဖြစ်သည်။ ယင်းငါးမျိုးကို အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲခွဲ၍ ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲအမျိုးအစား (၁ဝ) မျိုးရှိမည်။
မြန်မာတက်ကသိုလ်အနောက်တိုင်းလှေ လက်ရွေးစင် အသင်းသည် အမျိုးသားကစားသမား (၁၂) ဦး၊ အမျိုးသမီး ကစားသမား (၁၂) ဦးတို့ဖြင့် ငလိုက်ဆည်၌ နည်းပြချုပ် ဦးကျော်ဝင်း ဦးဆောင်သော နည်းပြအဖွဲ့နှင့် အပြင်းအထန် လေ့ကျင့်လျက်ရှိကြသည်။
မြန်မာတက်ကသိုလ် ရိုးရာလှေ လက်ရွေးစင်အသင်းများ သည်လည်း အမျိုးသားကစားသမား (၁၄) ဦး၊ အမျိုးသမီး ကစားသမား (၁၄) ဦးတို့ဖြင့် နည်းပြချုပ် ဦးဝင်းဖေ ဦးဆောင်သော နည်းပြအဖွဲ့က ငလိုက်ဆည်၌ပင် အပြင်း အထန်လေ့ကျင့် ပေးလျက်ရှိသည်။
ရိုးရာလှေလှော်ပြိုင်ပွဲများတွင် မီတာ (၅ဝဝ) နှင့် မီတာ (၁ဝဝဝ) ပြိုင်ပွဲနှစ်မျိုးကို အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး အရောပြိုင်ပွဲဟု သုံးမျိုးစီ ယှဉျပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲခြောက်မျိုး ပါဝင်မည်ဖြစ်သည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ လှေပြိုင်ပွဲ နှစ်မျိုးစလုံးကို ဒီဇင်ဘာ (၁၃) ရက်မှ (၁၆) ရက်အထိ နေပြည်တော်ရှိ ငလိုက်ဆည်၌ ကျင်းပသွားမည်ဖြစ်သည်။
ယခုလှေပြိုင်ပွဲများအနက် အနောက်တိုင်းလှေလှော် ပြိုင်ပွဲ၌ အိမ်ရှင်မြန်မာနှင့်အတူ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တက္ကသိုလ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရိုးရာလှေပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအပါအဝင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ တက္ကသိုလ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဟု သိရသည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ယခုလှေပြိုင်ပွဲများ၌ မြန်မာကစားသမားများ ရွှေတံဆိပ်ဆု ရရှိခဲ့ပါက ဆုကြေးအဖြစ် ကျပ်သိန်း (၅ဝ)၊ ငွေတံဆိပ်ဆု ရရှိခဲ့ပါက ကျပ်သိန်း ၃ဝ၊ ကြေးတံဆိပ်ဆုရရှိပါက ကျပ်သိန်း ၂ဝ ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကလည်း ထပ်ဆင့်ဆုကြေး အဖြစ် ရွှေတံဆိပ်ဆုအား ကျပ်သိန်း (၃ဝ)၊ ငွေတံဆိပ်ဆုအား ကျပ်သိန်း (၂ဝ)၊ ကြေးတံဆိပ်ဆုအား ကျပ် (၁ဝ) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြောကြားသည်။
15 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display