skip to content
 
နေပြည်တော် ဩဂုတ် ၇
 
မြန်မာကလပ် VUC အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲကို ယနေ့တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲကို ယနေ့စတင်ကျင်းပသော်လည်း VUC အသင်းသည် အုပ်စုအဖွင့်ပွဲကို ဩဂုတ် ၈ ရက်မှ ကစားရမည်ဖြစ်သည်။
 
၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲကို ဩဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီးVUCအသင်းသည် အုပ်စု (ဂ) တွင် လက်ဘနွန်ကလပ် ဘေရွတ်အသင်း၊ အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကျရောက်နေသည်။VUCအသင်းသည် အုပ်စုပွဲများအဖြစ် ဩဂုတ် ၈ ရက်တွင် လက်ဘနွန် ကလပ် ဘေရွတ်အသင်း၊ ဩဂုတ် ၁၀ ရက်တွင် အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ ဩဂုတ် ၁၂ ရက်တွင် တာဂျစ် ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
 
ရှိုင်းထက်ဇော်

back to top Eng