ဒဂုံ(ဆိပ်ကမ်း) ဖေဖော်ဝါရီ ၁
၂၀၁၉ ခုနှစ် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် ၂၀၁၉/၂၀၂၀ ပညာသင်နှစ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် သင်တန်းသားသစ်များရရှိရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အားကစားနှင့်ကာယပညာဆိုင်ရာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောသရုပ်ပြပွဲကို ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက် တို့တွင် အထက(၂)ယုဇနခန်းမနှင့်အမှတ်(၃)အထက ကျောင်းများတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Crd:ကြေးမုံသတင်းစာ