skip to content
 
မြစ်သားမြို့ ၊ဒီဇင်ဘာ (၄) ရက်။
 
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသည် နေ့လည်ခင်း (၁)နာရီအချိန်၌ မြစ်သားမြို့နယ် လမ်းခွရွာ အ.ထ.က (ခွဲ) သို့ သွားရောက်၍ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး၊ အားကစားသိပ္ပံ မျိုးဆက်သစ်များ၏ အခွင့်အလမ်းနှင့် BSc(Sport) အားကစားမေဂျာ အကြောင်းသိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ဝူရူးလက်ရွေးစင်လူငယ်မှ ဝူရူးသရုပ်ပြကွပ်ပြသခဲ့ပါသည်။ ထို့နောက် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီးညနေ (၃)နာရီတွင် ဟောပြောဆွေးနွေးပွဲ သရုပ်ပြပွဲမှာ ပြီးဆုံးခဲ့သည်။
 
အဆိုပါ အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် လမ်းခွကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူထွန်းသည် အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးသည် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ အားကစားသိပ္ပံအတွက် မျိုးဆက်သစ်လူငယ်များအတွက် စည်းရုံးခြင်းများ၊ B.Sc(sport) မေဂျာအကြောင်း သိကောင်းစရာများအပြင် လူငယ်မျိုးဆက်သစ်တွေအနေဖြင့် စာရိတ္တဖွံ့ဖြိုးရန်ဂုဏ်သိက္ခာကိုတန်ဖိုးထားတက်ရန်၊ ကိုယ်ကျင့်တရားများဖွံ့ဖြိုးတိုးတက်စေရန် စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား/သူများနှင့် မေးခွန်းများမေးမြန်းခြင်း ဖြေဆိုခြင်းများပြုလုပ်ခဲ့ပါသည်။
 
 
 
ထို့နောက် ဝူရူးလက်ရွေးစင်လူငယ်ကစားသမားမှ ဝူရူးသရုပ်ပြကွပ် ပြသခဲ့ပြီးနောက် မြို့နယ်အားကစားမှူးမှ လမ်းခွကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူထွန်းထံသို့ အားကစား အထောက်အကူပြုပစ်စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ 

back to top Eng