skip to content

 

ရန်ကုန်၊ ဖေဖော်ဝါရီ (၁)ရက်။

ဂျပန်နိုင်ငံ Ballschule (Tokyo) Federation နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Sports Education Project in Myanmar အစီအစဉ်၏ ကနဦးလှုပ်ရှားမှုအနေဖြင့် Ballschule Sports Demonstration  ပြကွက်ကို ယနေ့နံနက် (၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာ သိပ္ပံရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် ဦးသိန်းမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ငြိမ်း) ဦဇော်ဟိန်း၊ ဂျပန်နိုင်ငံ (Nippon Steel Kowa Real Eastate Co ., Ltd)မှ မန်နေဂျင်းဒါရိုက်တာ Mr.Hirosato Fukimbara နှင့် ဂျပန်နိုင်ငံ Ballschule (Tokyo) အဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ အခြေခံပညာကျောင်းများမှဆရာ/ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘ များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊  မြို့နယ်များအလိုက် အားကစားမှူးများ၊ ကာယဆရာ/ ဆရာမ များ၊ အားကစားသမားများ တက်ရောက်ကြပါသည်။      

 

အစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လက်ဝှေ့၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို စသည့်အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် Ballschule Game က ဂျာမနီနိုင်ငံက စနစ်တကျသုတေသနပြုလုပ်ပြီး ဖော်ထုတ်ထားတဲ့ Game Programme ဖြစ်ပါကြောင်း၊ ခေတ်မှီသော အားကစားသိပ္ပံကို အခြေခံထားတာဖြစ်တာကြောင့် ကလေး သူငယ်များရဲ့ ဘက်စုံအားကစားနည်းများကိုစနစ်တကျ ကစားစေခြင်းဖြစ်ပါကြောင်း၊ ကလေးများ၏ အခြေခံ ကာယစွမ်းရည် ဖြတ်လတ်မှုနှင့် ပေါင်းသင်းဆက်ဆံရေးများကိုတိုးတက်အောင် ကူညီပေးရုံသာကမဘဲ ပျော်ရွှင်မှု ကိုလဲ ရစေမှာဖြစ်ပါကြောင်း ကလေးများရဲ့ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကိုအားပေးသော အားကစားအခြေခံ ပညာပေး ခြင်းဖြစ်တာကြောင့် ကလေးများရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တတွေ ဖွံ့ဖြိုးတိုးတက်စေဖို့များစွာ ပံ့ပိုးနိုင်မှာ ဖြစ်တာကြောင့် ယခု Ballschule Sports Programme ကို ကြိုဆိုပါကြောင်း၊ ဆက်လက်ပြီး Ballschule Game ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတစ်ဝှမ်းကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပါဝင်ကစားလာကြအောင်ဆောင်ရွက်ကြရာ မှာလဲဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာဘဲ Ballschule (Myanmar) အသင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွား ကြဖို့တိုက်တွန်းမှာကြားလိုကြောင်း ပြေားကြားခဲ့သည်။

ဆက်လက်၍ Four Hand Co.,Ltd Ballschule (TOKYO) မှ CEO Mr. ATUMI မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ငြိမ်း)ဦးဇော်ဟိန်းမှ Ballschule Game ကစားနည်းအကြောင်းအရာအားမိတ်ဆက်တင်ပြခဲ့သည်။

ဆက်လက်၍ ကလေးငယ်များက Ballschule Game အစီအစဉ်ကို သရုပ်ပြသကစားခဲ့ပြီး မိဘ အုပ်ထိန်းသူ ဆရာ/ဆရာမများနှင့်အတူ Ballschule Game ကစားခဲ့ကြောင်းသိရှိရသည်။

 


back to top Eng