skip to content
 
ရန်ကုန် ဩဂုတ် ၁၂ 
 
(၁၂)ကြိမ်မြောက် အာဆီယံကင်ဒိုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဩဂုတ် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာ မြန်မာအသင်း ငွေတစ်ခုဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာအသင်းမှ စည်သူမင်းအောင်က ငွေတံဆိပ်ရရှိပြီး အေးမင်းသန်းနှင့် ရှင်းသန့်သူရတို့က အကောင်းဆုံးကစားသမား ၁၆ ဦး စာရင်းဝင်ခဲ့ကြောင်း သိရသည်။
 
ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံမှ အားကစား သမား၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်း အနေဖြင့် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ အသင်းတွင် အဖွဲ့ခေါင်းဆောင်ဂျပန်နည်းပြ တာဒါယူကီ ဒီဇာကီ၊ မန်နေဂျာအဖြစ် တာကာဘာ၊ နည်းပြ တိုရူကီမူရာနှင့် အားကစားသမားခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 
 
ဗလစိုး

back to top Eng