skip to content
 
နေပြည်တော်၊သြဂုတ်လ(၂၅)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ယနေ့သတ္တမနေ့အဖြစ် ပလန်ဘန်းမြို့ရှိ Jakabaring Lake rowing တွင် ကျင်းပပြုလုပ်ရာ အမျိုးသားမီတာ-၂၀၀(၁၀)ရိုးရာလှေလှော်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းမှ စံချိန်(၅၄.၈၂၆)စက်ကန့်ဖြင့် တတိယနေရာတွင် ပန်း၀င်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ရပြီး ညနေပိုင်းတွင်ဆက်လက် ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ (၆)နိုင်ငံ အဆင့်တွင် မြန်မာအသင်းမှ စံချိန်(၅၅.၀၇)စက်ကန့်ဖြင့် နောက်ဆုံးမှ ပန်း၀င်ခဲ့ပြီး အဆင့်(၆)ဖြင့် သာကျေနပ်ခဲ့ရပါသည်။
 
ဆက်လက်ပြီး အမျိုးသမီးမီတာ-၂၀၀(၁၀)ရိုးရာလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းမှ စံချိန်(၅၇.၀၉၉)စက်ကန့်ဖြင့် တတိယနေရာတွင် ပန်း၀င်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရပြီး ညနေပိုင်းတွင်ဆက်လက် ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ (၆)နိုင်ငံအဆင့်တွင် မြန်မာအသင်းမှ စံချိန်(၅၈.၀၇၁) စက်ကန့်ဖြင့် ပန်း၀င်ခဲ့ပြီး အဆင့်(၅)ဖြင့် သာကျေနပ်ခဲ့ရကြောင်း သတင်းရရှိပါသည်။
 
(၂၆.၈.၂၀၁၈)ရက်နေ့ပွဲစဉျအဖြစ် ဘော်လီဘောပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံဒေသစံတော်ချိန် ည(၇)နာရီတွင် မြန်မာအသင်းနှင့် ကာတာအသင်းတို့ယှဉ်ပြိုင်ကစားမည် သိရှိရပါသည်။
 

back to top Eng