skip to content
 
ရန်ကုန်၊ မတ်လ(၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် အဓိကပံ့ပိုးကူညီသည့် Cherry Oo  တို့မှ  မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အသက်(၂၁)နှစ်အောက် အာရှအမျိုးသားစနူကာပြိုင်ပွဲ၊ဒုတိယအကြိမ်မြောက် အမျိုးသမီး စနူကာပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် ဘိလိယက် ဖိတ်ခေါ်ပြိုင်ပွဲကျင်းပခြင်းဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှု ပကတိအခြေအနေများကို အားကစားမှတစ်ဆင့် နိုင်ငံတကာသို့ သိမြင် နားလည်ခွင့် ရရှိစေရန်လည်းကောင်း၊ မြန်မာ့ ဘိလိယက်နှင့်စနူကာ အားကစားနည်း အဆင့်အတန်းမြင့်မားစေရန်၊ ထူးချွန်သည့်မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘိလိယက်နှင့်စနူကာအားကစားနည်းဖြင့် နိုင်ငံဂုဏ်သိက္ခာမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (၁၉)ကြိမ်မြောက် အသက်(၂၁)နှစ်အောက် အာရှအမျိုးသားစနူကာပြိုင်ပွဲ၊ဒုတိယအကြိမ်မြောက် အမျိုးသမီး စနူကာပြိုင်ပွဲနှင့် (၁၇)  ကြိမ်မြောက် ဘိလိယက် ဖိတ်ခေါ်ပြိုင်ပွဲကို မတ်လ (၁၈)ရက်နေ့မှ (၂၄)ရက်နေ့အထိ ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ်၊ Rose Garden Hotel တွင်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်က ပြိုင်ပွဲကျင်းပရေးဆိုင်ရာများရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကသက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်း တင်ပြခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 
 
ယင်းပြိုင်ပွဲတွင် အာရှဘိလိယက်နှင့် U 21 စနူကာပြိုင်ပွဲ၌ ဆုရရှိသူများကို ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ (၂၂၅ဝ)၊ ဒုတိယဆု (၁၁၂၅)ဒေါ်လာ၊ ပူးတွဲတတိယဆု (၅၂၅)ဒေါ်လာချီးမြ§င့်မည်ဖြစ်ရာ အမျိုးသမီးစနူကာပြိုင်ပွဲတွင် ပထမဆုဖြင့် အမေရိကန် ဒေါ်လာ(၁၈ဝဝ)၊ ဒုတိယဆု(၉ဝဝ)ဒေါ်လာ၊ တတိယဆု(၅၂၅)ဒေါ်လာချီးမြှင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှလည်း ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ပါက ဆုကြေးငွေ ကျပ် သိန်း(၁ဝဝ)၊ ဒုတိယဆုကျပ်သိန်း(၂ဝ)နှင့် တတိယဆုကျပ်(၁ဝ)သိန်းတို့အား ထပ်ဆောင်း ချီးမြှင့်မှာဖြစ်သည်။
 
အဆိုပါပြိုင်ပွဲသို့ အိမ်ရှင်မြန်မာအသင်းအပါအဝင်၊ သီရိလကင်ာ္၊ တရုတ်၊ ဟောင်ကောင်၊အီရန်၊ ကာတာ၊ ဆီးရီးယား၊အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ နိုင်ငံပေါင်း(၁၄)နိုင်ငံမှ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသတင်းရရှိသည်။
 

back to top Eng