skip to content
နေပြည်တော်၊ဇူလိုင်လ(၁၄)ရက်။
အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂ဝ)ကြိမ် မြောက် အရှေ့တောင်အာရှ အသက်(၂ဝ) နှစ်အောက် (အမျိုးသား) ဘော်လီဘော (20th South East Asian Men's U-20 Volleyball Championship 2018) ပြိုင်ပွဲကို ယနေ့နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းမှ မြန်မာအသင်း(က)ကို (၂၅-၂ဝ)၊ (၂၅-၁၆)၊ (၂၅-၁၈) ဖြင့်လည်းကောင်း၊ နေ့လည် (၂:ဝဝ) နာရီ အချိန်တွင် မှ မလေးရှားအသင်းမှ မြန်မာအသင်း (ခ) ကို (၁၃-၂၅)၊ (၂၅-၁၆)၊ (၂၂-၂၅)၊ (၂၅-၂ဝ)၊ (၁၅-၁ဝ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
(၁၅.၇.၂ဝ၁၈)ရက်နေ့ Semi Final ပွဲစဉ်များအဖြစ် နေ့လည်(၁၂:ဝဝ) နာရီအချိန်တွင် မြန်မာအသင်း (ခ)နှင့် ထိုင်းအသင်း တို့သည်လည်းကောင်း၊ နေ့လည်(၂:ဝဝ)နာရီ အချိန်တွင် မြန်မာအသင်း(က) နှင့် မလေးရှားအသင်း တို့သည်လည်းကောင်း ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။
 

back to top Eng