Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၉)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စု ပွဲစဉ်ပြိုင်ပွဲများကို ယနေ့ နံနက်(၉းဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)၌ ကျင်းပ ပြုလုပ် ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရယူပြီးနောက် ဒုတိယညွန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် စားပွဲတင်တင်းနစ် အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန် ထက်မြက်သော သွေးသစ် စားပွဲတင် တင်းနစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စားပွဲတင် တင်းနစ်အားကစားနည်းဟာ အခြားအားကစား နည်းတွေလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျပဲ သွက်လက် ဖျတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုုင်းကျွမ်းကျင်မှုနှင့် တစ်ဖက်ပြိုင်ဘက် အားကစားသမား၏ အားနည်းချက်ကို ချက်ချင်း ပြန်လည်အသုံးချနိုင်မှုတို့ကို အဓိကထားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားကွင်းနေရာမှာလည်း အကျယ်အဝန်းအထိုက်အလျောက် ရှိလျှင် ကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ လျင်မြန်ဖျတ်လက်မှု လိုအပ်သည့် အတွက် လူငယ်များနှင့် အလွန်လိုက်ဖက်ညီသည့်အပြင် လူကြီးများအနေနှင့်လည်း ကိုယ်လက် လှုပ်ရှားမှု မပြင်းထန်ပဲ ကစားနိုင်သည့် အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာ့ စားပွဲတင်တင်းနစ် အားကစားနည်းဟာ ဆုတံဆိပ်များစွာနှင့် ဝေးကွာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် အမှုဆောင်များ၊ အဖွဲ့ချုပ်များမှ တာဝန်ရှိသူ များနှင့် အားကစားသမားများက ဝိုင်းဝန်းကြိုးစားအားထုတ်ပြီး ဆုတံဆိပ်များစွာ ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် မိမိတို့၏ပင်ကိုယ်စွမ်းရည် အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးပဲ ဇွဲစိတ်ဓါတ်အပြည့်ဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားစေလိုပါကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်သည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် စားပွဲတင် တင်းနစ် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားကာ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။
ယင်းနောက် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် အမှုဆောင်တို့သည် ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသား၊အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၂)သင်း တို့မှ အားကစားသမားစုစုပေါင်း (၁၁၃)ဦးသည် အောက်တိုဘာ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)တွင် နေ့စဉ်နံနက်(၉းဝဝ)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display