skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ(၁၈)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များဖြစ် ပေါ်လာစေရေး၊ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို ယနေ့ခေတ် လူငယ်များ ပိုမိုစိတ်ဝင်စားလာမှုရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီ အချိန်တွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ  ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲ၊ (၅၇-၆၁)ကီလိုတန်းပြိုင်ပွဲ၊ (၆၁-၆၅)ကီလိုတန်းပြိုင်ပွဲ၊ (၆၅-၆၉)ကီလိုတန််း ပြိုင်ပွဲ၊ (၆၉)ကီလိုတန်းအထက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။
 
ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသား(၅၃-၅၇)ကီလိုတန်းတွင်ဆုရရှိသော ပထမ ဝိုင်းချစ်(မန္တလေး)၊ ဒုတိယ ကျော်ဝင်းလှိုင်(ပဲခူး)၊ ပူးတွဲတတိယ ပြည်သက်ဇော်(ကချင်)နှင့် ဇော်မင်းသွင်(မွန်)၊ (၅၇-၆၁)ကီလိုတန်းတွင်ဆုရရှိသော ပထမ မြတ်နိုးအောင်(ပဲခူး)၊ ဒုတိယ ဇော်ထက်ဦး(ရှမ်း)၊ ပူးတွဲတတိယ ချမ်းသာ(ရန်ကုန်)နှင့်မင်းမင်းခန့် (ကချင်)၊ (၆၁-၆၅)ကီလိုတန်းတွင်ဆုရရှိသော ပထမ ဇော်နိုင်ထွန်း(ရခိုင်)၊ ဒုတိယ စည်သူအောင်(ပဲခူး)၊ ပူးတွဲတတိယ ချမ်းလင်း(ရန်ကုန်)နှင့် ငြိမ်းချမ်းအောင်(ရှမ်း)၊ (၆၅-၆၉)ကီလိုတန်းတွင်ဆုရရှိသော ပထမ နိုင်ထွန်း(ရန်ကုန်)၊ ဒုတိယ ဇင်မင်းဦး(ပဲခူး)၊ ပူးတွဲတတိယ မင်းထက်(မန္တလေး)နှင့်သီဟဇော်(ရှမ်း)၊ (၆၉)ကီလိုတန်းအထက်တွင်ဆုရရှိသော ပထမ ဟိန်းဇေယျာစိုး(မန္တလေး)၊ဒုတိယ အွမ်မင်းဟာ(ချင်း)၊ ပူးတွဲတတိယ လပြည့်ဖြိုး(ရှမ်း)နှင့်ကောင်းမြတ်ထွန်း(ကချင်)တို့အား အားကစားနှင့်ကာယပညာဦးစီး ဌာန တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
 
ဆက်လက်၍ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ ခင်မိုးဦး(တနသင်ာ္ရီ)နှင့် အမျိုးသားအကောင်းဆုံးဆုရ ဝိုင်းချစ်(မန္တလေး)တို့အား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်မှ အကောင်းဆုံးအားကစားသမားဆုတံဆိပ်ပေးအပ်ခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ  ရွှေ(၄)၊ ငွေ(၃)၊ ကြေး(၄)ဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရွှေ(၇)၊ ငွေ(၃)၊ ကြေး(၂)ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ရွှေ(၉)၊ ငွေ(၅)၊ ကြေး(၃)ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
 

back to top Eng