Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား။အမျိုးသမီး စက်ဘီးပြိုင်ပွဲ မကွေးတိုင်းဒေသကြီးအမျိုးသမီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားအသင်း အနိုင်ရဗိုလ်စွဲ
နေပြည်တော်၊ ဒီဇင်ဘာလ(၈)ရက်။
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးစက်ဘီးပြိုင်ပွဲ တာဝေးပွဲစဉ်များ ကို ယနေ့နံနက်(၆)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Gate(A))၌ ယှဉ်ပြိုင်ကစားကြပြီး ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိ သူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆုများချီးမြှင့်ပါသည်။
ရှေးဦးစွာ အမျိုးသမီး(၆ဝ)ကီလိုမီတာ တာဝေးပြိုင်ပွဲနှင့် အမျိုးသား(၁ဝဝ)ကီလိုမီတာ တာဝေးပြိုင်ပွဲ များကျင်းပခဲ့ပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၉)ကီလိုမီတာတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကိုကြီးမှ တစ်ဦးချင်းဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသား(၁၅)ကီလိုမီတာတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော မကွေးတိုင်းဒေသကြီး အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးအောင်မှ တစ်ဦးချင်းဆုတံဆိပ် များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီး(၆ဝ)ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမဆုရရှိသော လင်းလဲ့ဇော် (မကွေး)၊ ဒုတိယဆုရရှိသော စုစုရည်(ဧရာဝတီ)နှင့် တတိယဆုရရှိသွားသော ခင်နှင်းဝေ (မကွေး)တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးဂျွန်ဆင်းမှ တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသား(၁ဝဝ)ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမဆုရရှိသော ထက်အာကာလွင်(ရန်ကုန်)၊ ဒုတိယဆုရရှိသော စိုးမိုးနိုင်(ရန်ကုန်)နှင့် တတိယဆုရရှိသွားသော စည်သူရိန်ဖြိုး(ရန်ကုန်)တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြတ်သူမှ တစ်ဦးချင်းဆုတံဆိပ် များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသွားသော လင်းလဲ့ဇော်(မကွေး)နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသွားသော စောအယ်ခူး(ရန်ကုန်)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်းဆုတံဆိပ် ဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် တံခွန်စိုက်ဆုရရှိသောအသင်းများအား တံခွန်စိုက်ဆုများချီးမြှင့်ရာ အမျိုးသမီး တံခွန်စိုက်ကို စုစုပေါင်းရမှတ်(၄၂)မှတ်ဖြင့်ရရှိသော မကွေးတိုင်းဒေသကြီးအသင်းကို MSP ကုမ္ပဏီမှချီးမြှင့်ငွေကျပ် (၅)သိန်းနှင့်အတူ့ တံခွန်စိုက်ဆုကိုလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ကို စုစုပေါင်းရမှတ်(၄၅)ဖြင့်ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို CB Bank မှ ချီးမြှင့်ငွေကျပ် (၁ဝ)သိန်းနှင့်အတူ တံခွန်စိုက်ဆုများကို အသီးသီးပေးအပ်ခဲ့ပြီး ဆုရရှိသောအသင်းများနှင့်အတူ စုပေါင်း အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးပြီး ဆုပေးပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display