skip to content
 
နေပြည်တော်၊ အောက်တိုဘာလ (၂ဝ)ရက်။
 
၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ်  ယနေ့နံနက်(၇)နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးဘောလုံးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးဘောလုံးအသင်းမှ (၃)ဂိုး၊ (၂)ဂိုးဖြင့် လည်းကောင်းအနိုင်ရရှိကာ တတိယဆုကိုရရှိခဲ့ပါသည်။
 
ဆက်လက်၍ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌  ဗိုလ်လုပွဲနှင့်ဆုချီးမြ§င့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်ပရိတ်သတ်များ တက်ရောက်ကြည့်ရှုအားပေးပါသည်။
 
 ဗိုလ်လုပွဲစဉ်အဖြစ်   မန္တလေးတိုင်းဒေသကြီးဘောလုံးအသင်းနှင့် မွန်ပြည်နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးဘောလုံးအသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဘောလုံး ဆပ်ကော်မတီ ဥက္ကဌ ဒေါ်မေမြတ်နွယ်မှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုရ မွန် ပြည်နယ်ဘောလုံးအသင်းမှ ကျောနံပါတ်(၁၈) စိုးထိုက်အောင်အားလည်းကောင်း၊ အကောင်းဆုံး နောက်တန်းဆုရ ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်းမှ ကျောနံပါတ်(၁၇) ခန့်ကျော်ဇင်အား လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းဆုရ မွန်ပြည်နယ်ဘောလုံးအသင်းမှ ကျောနံပါတ်(၁၇) ကျော်စိုးထွန်းအားလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းဆုရ မန္တလေးတိုင်းဒေသကြီးဘောလုံး အသင်းမှ ကျောနံပါတ်(၉) ဇေယျာစိုးအားလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံး ကစားသမားဆုရ မန္တလေးတိုင်းဒေသကြီးဘောလုံးအသင်းမှ ကျောနံပါတ်(၈) အောင်ကိုဦးအား လည်းကောင်း ဆုဖလားများကို အသီးသီး ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍  ပြိုင်ပွဲတွင် တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးဘောလုံးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ  တစ်ဦးချင်းဆု တံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မွန်ပြည်နယ်ဘောလုံးအသင်းအား အမျိုးသား လွှတ်တော်သတ္ထုနှင့် သယံဇာတရေးရာကော်မတီဥက္ကဌ ဦးကျော်သီဟမှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းသူမှ တံခွန်စိုက်ဆုဖလားနှင့် ပထမဆု ရရှိသော မန္တလေးတိုင်းဒေသကြီးဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက် ဆုဖလားကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng