skip to content
 
ရန်ကုန်၊ ဒီဇင်ဘာလ( ၁၆ )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် အခြေခံပညာအဆင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး 3 x 3 (၃)ဦးစီ ကွင်းတစ်ဝက်ကစားရသော ဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က မဂင်္လာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်သိန်းက အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နာယကကြီးဒေါ်နီ ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအား လေ့ကျင့် ရေးဘတ်စကက်ဘော ဘောလုံးနှင့်စီဒီခွေများ ပေးအပ်ပြီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး မျိုးဆက်သစ်လူငယ်လေးများက ဘတ်စကက်ဘောအခြေခံစွမ်းအင်များ သရုပ်ပြသခဲ့သည်။
 
အဆိုပါပြိုင်ပွဲသို့အခြေခံပညာအဆင့်တိုင်းဒေသကြီးနှင့်ပြည်နယ်ကျောင်းပေါင်းစုံမှ အမျိုးသား(၁၂)သင်း၊ အမျိုးသမီး(၁၁)သင်း၊ စုစုပေါင်း (၉၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီဇင်ဘာ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 

back to top Eng