skip to content

နေပြည်တော်၊ သြဂုတ်လ(၁၃)ရက်။      

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၈းဝဝ)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံ ၌ ကျင်းပပြုလုပ်ရာ အမျိုးသား အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း မှ ချင်းပြည်နယ်အသင်းကို (၁၁)ဂိုး (၆)ဂိုး ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်း ကို (၅)ဂိုး (၂)ဂိုး ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကယားပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုး ဖြင့် လည်းကောင်း၊ အမျိုးသမီးအုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကယားပြည်နယ်အသင်းကို (၆)ဂိုး (၂) ဂိုးဖြင့် လည်းကောင်း၊  ကချင်ပြည်နယ်အသင်းမှ နေပြည်တော်အသင်းကို (၁၂)ဂိုး (၁)ဂိုး ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

(၁၄.၈.၂ဝ၁၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံတွင် အမျိုးသားကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့သည် နေ့စဉ် နံနက် (၈:ဝဝ)နာရီ အချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


back to top Eng