skip to content
 
နေပြည်တော်၊ ဇန်နဝါရီလ(၈)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက် မပြတ် ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၆း၃ဝ)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။ 
 
ရှေးဦးစွာ အမျိုးသားမီတာ (၁ဝဝဝဝ) အပြေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ဝင်းနိုင်ထွန်း (မကွေး) မှ  (၃၃) မိနစ် (၃၆.၁၂) စက္ကန့်ဖြင့် ပထမ၊ စောကင်းရှင်း (ပဲခူး) မှ  (၃၅) မိနစ် (၄၈.၆၂) စက္ကန့်ဖြင့် ဒုတိယ၊ လှမျိုးအောင် (မွန်ပြည်နယ်) မှ (၃၇) မိနစ် (၃၃.၄၉) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ (၁ဝဝဝဝ) အပြေးပြိုင်ပွဲတွင် ဇင်မာချို (ရှမ်းပြည်နယ်) မှ  (၄ဝ) မိနစ် (၂၃.၂၄) စက္ကန့်ဖြင့် ပထမ၊ ဝင်းမာဦး (မန္တလေး) မှ (၄၁) မိနစ် (၁ဝ.၈၁) စက္ကန့်ဖြင့် ဒုတိယ၊ ရင်ငြိမ်းအေး (ရခိုင်ပြည်နယ်) မှ (၄၁) မိနစ် (၅၆.၆၃) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊
 
အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ဂျေမီလီအေး (ကချင်) မှ (၃၁.၇၄) မီတာဖြင့် ပထမဆုကိုလည်းကောင်း၊ ရွှေလင်းကြည် (ရှမ်းပြည်နယ်) မှ (၃၁.ဝ၇) မီတာဖြင့် ဒုတိယ၊ စုစုနွယ် (မကွေး) မှ (၂၉.၅၄) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
 
 
အမျိုးသမီး မီတာ (၁ဝဝ) တန်းကျော်ပြေးပြိုင်ပွဲတွင် အိသက်လွင် (ဧရာဝတီ) မှ  (၁၆.၆၄) စက္ကန့်ဖြင့် ပထမ၊ နှင်းဝေရီ (မန္တလေး) မှ (၁၉.၅၂) စက္ကန့်ဖြင့် ဒုတိယ၊  ခိုင်နှင်းဝေ (မကွေး) မှ (၂ဝ.၉၅) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ 
 
အမျိုးသားမီတာ (၁၁ဝ) တန်းကျော်ပြေးပြိုင်ပွဲတွင် လွင်မိုး (မန္တလေး) မှ  (၁၅.၈၄) စက္ကန့်ဖြင့် ပထမ၊ ဇွဲထက်နောင် (ရန်ကုန်) မှ (၁၆.၄၁) စက္ကန့်ဖြင့် ဒုတိယ၊ နေလင်းထွန်း (အကွေး) မှ  (၁၉.ဝ၁)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း၊
 
အမျိုးသမီးတုတ်ထောက်ခုန်ပြိုင်ပွဲတွင် ဆိုင်းတောင် (ကချင်) မှ (၂.၆၅) မီတာဖြင့် ပထမ၊ ဂျက်နက် (မန္တလေး) မှ (၂.၅၅) မီတာဖြင့် ဒုတိယ၊ ယုယုပိုင် (မွန်ပြည်နယ်) မှ (၂.၄၅) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
 
အမျိုးသမီး မီတာ (၄ဝဝ) အပြေးပြိုင်ပွဲတွင် သီသီမွန် (မွန်ပြည်နယ်) မှ (၆၁.၃၈)စက္ကန့်ဖြင့် ပထမ၊ နန်းမြင့်အေး (တနသင်ာ္ရီ) မှ (၆၄.ဝ၈) စက္ကန့်ဖြင့် ဒုတိယ၊  ဇူးဇူးစံ (မကွေး) မှ  (၆၈.၇၃) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
 
အမျိုးသားမီတာ (၄ဝဝ) အပြေးပြိုင်ပွဲတွင် ခန့်ပိုင်ထွန်း (ပဲခူး) မှ  (၅ဝ.၅ဝ) စက္ကန့်ဖြင့် ပထမ၊ သောတာစိုး (ရန်ကုန်) မှ (၅၃.၁၅) စက္ကန့်ဖြင့် ဒုတိယ၊ ဇင်ငြိမ်းဦး (စစ်ကိုင်း) မှ (၅၃.၈၇)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း 
 
အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ဇော်ထွန်းခိုင် (မန္တလေး) မှ (၆.၄၂)မီတာဖြင့် ပထမ၊ ဇင်ကိုဌေး (မကွေး) မှ (၆.၄ဝ)မီတာဖြင့် ဒုတိယ၊  အောာင်မြင့်စိုး (ရခိုင်) မှ  (၆.၂၅)မီတာဖြင့် တတိယဆုကိုလည်းကောင်း 
 
အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ခင်ရှင်းစမုံ (စစ်ကိုင်း) မှ (၄၇.ဝ၆)မီတာဖြင့် ပထမ၊ နေလင်းထွန်း (မကွေး) မှ (၄၆.၈၆)မီတာဖြင့် ဒုတိယ၊ နေမျိုးအောင် (မန္တလေး) မှ (၃၇.ဝ၂)မီတာဖြင့် တတိယကိုလည်းကောင်းအသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
 
 
အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြအုပ်ချုပ်သူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများကို နံနက် (၆:၃ဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
 

back to top Eng