Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများ ဒုတိယနေ့ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၉)ရက်။
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၆း၃ဝ)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အလွတ်တန်းပြေးခုန်ပစ် ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ အမျိုးသားမီတာ (၂ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ထွန်းညွှန့်ရွှေ (ရန်ကုန်) မှ (၂) နာရီ (ဝ၃.၄၉) စက္ကန့်ဖြင့် ပထမ၊ ဦးသန်းရွှေ (ရခိုင်) မှ (၂) နာရီ (၁၈.၄၃) စက္ကန့်ဖြင့် ဒုတိယ၊ အောင်သိန်းထွန်း (နေပြည်တော်) မှ (၂) နာရီ (၁၈.၅၈) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ (၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲတွင် သီသီအောင် (တနင်္သာရီ) မှ (၁) နာရီ (ဝဝ.၃၄) စက္ကန့်ဖြင့် ပထမ၊ အေးကြွယ်မျိုး (မန္တလေး) မှ (၁) နာရီ (ဝ၅.၄၄) စက္ကန့်ဖြင့် ဒုတိယ၊ နန်းကေသီထွန်း (ဧရာဝတီ) မှ (၁) နာရီ (၁ဝ.၄၁) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊
အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် အေးအေးမာ (မန္တလေး) မှ ၂ဝ၁၆ခုနှစ်တွင် စံချိန်တင်ထားသည့် (၃၆.၄၅)မီတာကို ယခုပြိုင်ပွဲတွင် (၃၇.ဝ၉) မီတာဖြင့်စံချိန်သစ်တင်ကာ ပထမဆုကိုလည်းကောင်း၊ စုရတနာထွန်း (ရန်ကုန) မှ (၃၁.၂၁) မီတာဖြင့် ဒုတိယ၊ ဒေဗောရာ (ကချင်) မှ (၂၁.၇၅) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နန္ဒအောင် (မန္တလေး) မှ ၂ဝ၁၄ခုနှစ်တွင် စံချိန်တင်ထားသည့် ရဲထက်အောင် (မွန်ပြည်နယ်) မှ (၄၁.၆၆) မီတာကို ယခုပြိုင်ပွဲတွင် (၄၅.၄၈) မီတာဖြင့်စံချိန်သစ်တင်ကာ ပထမဆုကို လည်းကောင်း၊ ဇော်မျိုးထက် (ရန်ကုန်) မှ (၃၅.၈၄) မီတာဖြင့် ဒုတိယ၊ ဘုန်းမြတ်ငြိမ်း (မကွေး) မှ (၂၃.၃၃) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲတွင် မြတ်သဉ္ဇာဝင်း (မန္တလေး) မှ (၁ဝ.၉၂) မီတာဖြင့် ပထမ၊ နန်းခမ်းထွေး (တနင်္သာရီ) မှ (၉.၉၅) မီတာဖြင့် ဒုတိယ၊ မြင့်မြင့်ဝင်း (ဧရာဝတီ) မှ (၉.၆၇) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသားမီတာ (၃ဝဝဝ) တားဆီးကျော်ပြိုင်ပွဲတွင် နိုင်လွင်ထူး (ရန်ကုန်) မှ (၁ဝ)မိနစ် (၅၈.၂၂) စက္ကန့်ဖြင့် ပထမ၊ လှမျိုးအောင် (မွန်ပြည်နယ်) မှ (၁၁)မိနစ် (၁ဝ.၇၃) စက္ကန့်ဖြင့် ဒုတိယ၊ ဇင်သာလင်း (ဧရာဝတီ) မှ (၁၁)မိနစ် (၄၈.၉၅)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း၊
အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် လွင်သူမင်းခန့် (တနသင်ာ္ရီ) မှ (၁.၈၈) မီတာဖြင့် ပထမ၊ မိုးသီဟဦး (နေပြည်တော်) မှ (၁.၈၂) မီတာဖြင့် ဒုတိယ၊ ကျော်ဇေယျ (စစ်ကိုင်း) မှ (၁.၇၃) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ ၁ဝဝထ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် တနသင်ာ္ရီတိုင်းဒေသကြီး မှ (၅၂.၅၁)စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ (၅၃.၈၉) စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅၆.၉၄) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသား ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ (၄၄.၂၄) စက္ကန့်ဖြင့် ပထမ၊ မကွေးတိုင်းဒေသကြီးမှ (၄၅.၆၁) စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄၅.၇၈)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြအုပ်ချုပ်သူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများကို နံနက် (၆း၃ဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
6 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display