Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၁၁)ရက်။
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၆:ဝဝ)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အလွတ်တန်းပြေးခုန်ပစ် ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ Dr. ဇော်လင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရှေးဦးစွာ အမျိုးသမီး မာရသွန် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ သဲသဲခိုင်(ပဲခူး) မှ (၃) နာရီ (၃၅.ဝ၂) စက္ကန့်ဖြင့် ပထမ၊ အေးကြွယ်မျိုး (မန္တလေး) မှ (၄) နာရီ (၂၆.၁၁) စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် စောကင်းရှင်း(ပဲခူး) မှ (၂) နာရီ (၄၉.၄၇) စက္ကန့်ဖြင့် ပထမ၊ မျိုးကိုကို (မန္တလေး) မှ (၃) နာရီ (၄၂.၃၁) စက္ကန့်ဖြင့် ဒုတိယ၊ ဇင်မိုးထွန်း (တနင်္သာရီ) မှ (၃) နာရီ (၅၄.၁၅) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊
အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ဖရန်စစ္စကာ (တနသင်ာ္ရီ) မှ (၅.၁၇) မီတာဖြင့် ပထမ၊ မြတ်သÍ္ဇာဝင်း (မန္တလေး) မှ (၄.၉၉) မီတာဖြင့် ဒုတိယ၊ ခင်မာနွယ် (စစ်ကိုင်း) မှ (၄.၈၁) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး လှံတန်ပစ်ပြိုင်ပွဲတွင် စုစုနွယ် (မကွေး) မှ (၂၅.၆၇) မီတာဖြင့် ပထမ၊ ကာမေလာ (ကယားပြည်နယ်) မှ (၂၅.၃ဝ) မီတာဖြင့် ဒုတိယ၊ အိသဉ္ဇာဗိုလ် (ဧရာဝတီ) မှ (၂၄.၃၉) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် သူရိန်ထွန်း (စစ်ကိုင်း) မှ (၁၃.၃ဝ) မီတာဖြင့်ပထမ၊ အောင်ဇင်ဖြိုး (မကွေး) မှ (၁၂.၉၅) မီတာဖြင့် ဒုတိယ၊ ဟိန်းပြည့်စုံ (ရန်ကုန်) မှ (၁၂.၂၅) မီတာဖြင့်တတိယဆုကိုလည်းကောင်း၊
အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ဇာနည်အောင် (တနသင်ာ္ရီ) မှ (၂၉.၂၉) မီတာဖြင့် ပထမ၊ ဇော်ဇော်အောင် (ရန်ကုန်) မှ (၂၉.ဝ၇) မီတာဖြင့် ဒုတိယ၊ ဇော်မျိုးထွန်း (စစ်ကိုင်း) မှ (၂၇.၉၂) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး ၇မျိုးစုံပြိုင်ပွဲတွင် ဖရန်စစ္စကာ (တနသင်ာ္ရီ) မှ ရမှတ် (၂၉၂၂) မှတ်ဖြင့် ပထမ၊ အေးလဲ့ဖြိုး (မန္တလေး) မှ ရမှတ် (၂၂၃ဝ) မှတ်ဖြင့် ဒုတိယ၊ လွတ်လပ်အောင် (မကွေး) မှ (၁၆၄၉) မှတ်ဖြင့် တတိယဆု ကိုလည်းကောင်း၊
အမျိုးသမီး မီတာ(၁ဝဝ) ပြိုင်ပွဲတွင် သိမ့်သိမ့်စံ (တနသင်ာ္ရီ) မှ (၁၂.၈၄)စက္ကန့်ဖြင့် ပထမ၊ ပပဦး (မန္တလေး) မှ (၁၃.၆ဝ)စက္ကန့်ဖြင့် ဒုတိယ၊ ခင်ဇာနွယ် (စစ်ကိုင်း) မှ (၁၃.၉၂)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဇော်ထွန်းနိုင် (မန္တလေး) မှ (၁၁.၁၈)စက္ကန့်ဖြင့် ပထမ၊ မျိုးမြင့်အောင် (ကရင်) မှ (၁၁.၂ဝ)စက္ကန့်ဖြင့် ဒုတိယ၊ တင်မိုးရွှေ (မကွေး) မှ (၁၁.၅၃)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ(၁၅ဝဝ) ပြိုင်ပွဲတွင် သီတာဦး (မန္တလေး) မှ (၅)မိနစ် (၃၂.၉၃)စက္ကန့် ဖြင့်ပထမ၊ အိစန္ဒာလင်း (ရှမ်းပြည်နယ်) မှ (၅)မိနစ် (၄၁.ဝ၄)စက္ကန့်ဖြင့် ဒုတိယ၊ သွက်လက်ချို (မွန်ပြည်နယ်) မှ (၅) မိနစ် (၄၁.ဝ၅)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် မင်းမင်းဇော် (မန္တလေး) မှ (၄)မိနစ် (၁၆.၅၂)စက္ကန့်ဖြင့် ပထမ၊ အေးဝင်း (မွန်ပြည်နယ်) မှ (၄)မိနစ် (၁၉.၉၇)စက္ကန့်ဖြင့် ဒုတိယ၊ တင့်နိုင်ရွှေ (မကွေး) မှ (၄)မိနစ် (၂၁.၆၂)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ(၄ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် နန်းမြင့်အေး (တနသင်ာ္ရီ) မှ (၇၅.၇၂)စက္ကန့်ဖြင့် ပထမ၊ အိသက်လွင် (ဧရာဝတီ) မှ (၇၅.၇၇)စက္ကန့်ဖြင့် ဒုတိယ၊ ဇူးဇူးစံ (မကွေး) မှ (၇၆.၈၄)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် လွင်မိုး (မန္တလေး) မှ (၅၇.၄၁)စက္ကန့်ဖြင့် ပထမ၊ ပြည့်ဖြိုးဇော် (မကွေး) မှ (၅၉.၃၇)စက္ကန့်ဖြင့် ဒုတိယ၊ သော်တာစိုး (ရန်ကုန်) မှ (၅၉.၈၄)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ၄ထ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲတွင် တနသင်ာ္ရီတိုင်းဒေသကြီး အသင်းမှ (၄)မိနစ် (၂၃.၉၈)စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၄)မိနစ် (၃၇.၃၂)စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၄)မိနစ် (၄၄.၄၅)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃)မိနစ် (၃၅.၃၂)စက္ကန့်ဖြင့် ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ (၃)မိနစ် (၃၆.၆၆)စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၃)မိနစ် (၃၈.၅၈)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
ပြိုင်ပွဲအပြီး ဆုများချီးမြှင့်ရာ အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသော မန္တလေးတိုင်းဒေသကြီး အသင်းအား ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစံထွန်းမှ လည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ Dr.ဇော်လင်းထွဋ်မှ လည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းဒေသကြီး အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display