skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၃)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွင့်ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့နံနက်(၈:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ပြုလုပ်ပါသည်။

ရှေးဦးစွာ အမျိုးသား လှံတန်ပစ်ပြိုင်ပွဲတွင် ပြည့်ဖြိုးအောင် (စည်ပင်) မှ (၅၇.ဝ၃)မီတာဖြင့် ပထမ၊ ကျော်ကျော်ညီထွေး (သယံ/သဘာဝ) မှ (၅၃.၄၉)မီတာဖြင့် ဒုတိယ၊ ကျော်စွာမိုး (စည်ပင်) မှ (၅၁.၆၈)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊

ဆက်လက်ပြီး အမျိုးသမီး မီတာ(၄ဝဝ)တန်းကျော်ပြေး ပြိုင်ပွဲတွင် နန်းမြင့်မြင့်အေး (ကာကွယ်ရေး) မှ (၆၈.၁ဝ)စက္ကန့်ဖြင့် ပထမ၊ ဝင်းဝါထွန်း (ကာကွယ်ရေး) မှ (၇၂.ဝ၆)စက္ကန့်ဖြင့် ဒုတိယ၊ မြတ်သဥ္ဇာဝင်း (ကာကွယ်ရေး) မှ (၇၅.၂၇)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် လွင်မိုး (ဆောက်လုပ်ရေး) မှ (၅၄.၆၈) စက္ကန့်ဖြင့် ပထမ၊ ကျော်မျိုးမင်း (စည်ပင်) မှ (၅၆.၂၆)စက္ကန့်ဖြင့် ဒုတိယ၊ သော်တာစိုး (ကာကွယ်ရေး) မှ (၅၇.၄၁)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ဖရန်စစ္စတာ (ကာကွယ်ရေး) မှ (၅.၂၄)မီတာဖြင့် ပထမ၊ အေးအေးသန်း (ပြည်ထဲရေး) မှ (၅.၂၂)မီတာဖြင့် ဒုတိယ၊ မြတ်သဉ္ဇာဝင်း (ကာကွယ်ရေး) မှ (၅.ဝ၇)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် ဇော်ဇော်ခိုင် မှ (၁၃.၅၉)မီတာဖြင့် ပထမ၊ သူရိန်ထွန်း (ပြည်ထဲရေး) မှ (၁၃.၃၈)မီတာဖြင့် ဒုတိယ၊ သက်မိုးဇင် (ကာကွယ်ရေး) မှ (၁၃.၂၄)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ရဲထက်အောင် (စည်ပင်) မှ (၄၉.ဝ၇)မီတာဖြင့် ပထမ၊ ထက်နေလင်း (ကျန်း/အား) မှ (၄၆.၈၈)မီတာဖြင့် ဒုတိယ၊ နန္ဒအောင် (ဆောက်လုပ်ရေး) မှ (၄၆.၂၄)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသမီး မီတာ(၁၅ဝဝ)ပြိုင်ပွဲတွင် အေးအေးအောင် (ကာကွယ်ရေး) မှ (၄)မိနစ် (၅၁.၇၆)စက္ကန့်ဖြင့် ပထမ၊ ဆွေလီမြင့် (ပြည်ထဲရေး) မှ (၄)မိနစ် (၅၂.၂၅)စက္ကန့်ဖြင့် ဒုတိယ၊ ထားသဉ္ဇာအေး (ဆောက်လုပ်ရေး) မှ (၅)မိနစ် (ဝ၂.၃၄)စက္ကန့်ဖြင့် တတိယဆုကိုလည်းကာင်း၊ အမျိုးသားပြိုင်ပွဲတွင် မင်းမင်းဇော် (စည်ပင်) မှ (၄)မိနစ် (ဝ၄.၅ဝ)စက္ကန့်ဖြင့် ပထမ၊ ဆန်းနိုင် (စည်ပင်) မှ (၄)မိနစ် (ဝ၇.၂၉)စက္ကန့်ဖြင့် ဒုတိယ၊ ဇာနည်ထွန်း (သယံ/သဘာဝ) မှ (၄)မိနစ် (၁ဝ.ဝဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသမီး မီတာ(၁ဝဝ)ပြိုင်ပွဲတွင် သိမ့်သိမ့်စံ (ကာကွယ်ရေး) မှ (၁၂.၆၅)စက္ကန့်ဖြင့် ပထမ၊ သက်ထားဦး (ဆောက်လုပ်ရေး) မှ (၁၃.၂၇)စက္ကန့်ဖြင့် ဒုတိယ၊ နော်မြင့်မြင့်စန်း (ပြည်ထဲရေး) မှ (၁၃.၃ဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တင်မိုးရွေ (စည်ပင်) မှ (၁၁.ဝ၉)စက္ကန့်ဖြင့် ပထမ၊ ဇော်ထွန်းနိုင် (ကာကွယ်ရေး) မှ (၁၁.၁ဝ)စက္ကန့်ဖြင့် ဒုတိယ၊ ကျော်ထက်အောင် (ကျန်း/အား) မှ (၁၁.၂၇)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊

အမျိုးသမီး မီတာ (၄ဝဝထ၄)လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ (၄)မိနစ် (ဝ၇.၈၁)စက္ကန့်ဖြင့် ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၄)မိနစ် (ဝ၈.၃၃)စက္ကန့်ဖြင့် ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ (၄)မိနစ် (၂၉.၇၃)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ (၃)မိနစ် (၂၈)စက္ကန့်ဖြင့် ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ (၃)မိနစ် (၃ဝ.၁၉)စက္ကန့်ဖြင့် ဒုတိယ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၃)မိနစ် (၃ဝ.၃ဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့်  တာဝန်ရှိသူများ၊ အမျိုးသားလွတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်ပြေးခုန်ပစ်ကော်မတီ ဥက္ကဌ၊ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။

ရွေ(၁၃)၊ ငွေ(၇)၊ ကြေး(၃)၊ စုစုပေါင်းရမှတ် (၁၅၉)မှတ်ဖြင့် အမျိုးသားတံခွန်စိုက် ဒိုင်းနှင့်ဆင့်ပွားဒိုင်းရရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ ရွေ(၁၃)၊ငွေ(၉)၊ ကြေး(၈)၊ စုစုပေါင်းရမှတ်(၁၇၃) မှတ်ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းနှင့် ဆင့်ပွားဒိုင်းရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား အမျိုးသားလွတ်တော်၊ ကျန်းမာရေး  အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် နော်ဆာမူတူးမှလည်းကောင်း၊ ရွေ(၁၅)၊ ငွေ(၁၁)၊ ကြေး(၁၈)၊ စုစုပေါင်းရမှတ် (၂၈၅)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းနှင့် ဆင့်ပွားဒိုင်းဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။


back to top Eng