skip to content

ရန်ကုန်၊ သြဂုတ်လ( ၅  )ရက်။   

၂ဝ၁၈ခုနှစ်၊ Protech တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့နံနက် (၁ဝ)နာရီက ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ အမျိုးသား ကြက်တောင်အားကစားရုံ၌  ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။

ရှေးဦးစွာ အမျိုးသားတစ်ဦးချင်းအကြီးတန်း/ အမျိုးသမီးတစ်ဦးချင်းအကြီးတန်းပြိုင်ပွဲ  အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲနှင့် သက်ကြီးတန်း ဗိုလ်လုပြိုင်ပွဲများကျင်းပခဲ့ပြီး နောက် ပြိုင်ပွဲဝင် အားကစားသမားများ  ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အားပေးအမှာ စကားပြောကြားပေးသည်။

ဆက်လက်ပြီး အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် Protech  ကုမ္ပဏီမှ ပြိုင်ပွဲကျင်းပရခြင်း ကျေးဇူးတင်စကားများ အသီးသီးပြောကြားသည်။

ဆက်လက်ပြီး ဆုပေးပွဲများကို ကျင်းပရာ ရှေးဦးစွာ အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်၊ ဒိုင်လူကြီးများအဖွဲ့နှင့် အဖွဲ့ချုပ်အတွင်းရေးမှူး တို့အား Protech Myanmar မှ တာဝန်ရှိသူ တစ်ဦးမှ ပြိုင်ပွဲအမှတ်တရတံဆိပ်များပေးအပ်သည်။

ဆက်လက်ပြီး အသက်(၉)နှစ်အောက်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၉)နှစ် အောက် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ၊  အသက်(၁၁)နှစ်အောက် အမျိုးသား(၂)ယောက်တွဲ ပြိုင်ပွဲ၊ အသက်(၁၃)နှစ်အောက် အမျိုးသားတစ်ဦးချင်းနှင့် (၂)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃)နှစ် အောက် အမျိုးသမီးတစ်ဦးချင်းနှင့်(၂)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅)နှစ်အောက်အမျိုးသား တစ်ဦးချင်းနှင့် (၂)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅)နှစ်အောက်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊  အသက်(၁၇)နှစ်အောက် အမျိုးသားတစ်ဦးချင်းနှင့် (၂)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၇)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းနှင့် (၂)ယောက်တွဲပြိုင်ပွဲ ၊ အသက်(၁၉)နှစ်အောက် အမျိုးသား တစ်ဦးချင်း နှင့် (၂)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၉)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ သာမန်တန်း အမျိုးသမီးတစ်ဦးချင်း၊ (၂)ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်း အမျိုသားတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိသူများအားကစားသမားများအား ၊ အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် ဒုတိယဥက္ကဌများ၊ အဖွဲ့ချုပ်နာယက ဦးကြည်ညွန့်၊ ဘဏ္ဍာရေးမှူး ဦးစိုးမြင့်၊ Protech Myanmar ? 100 Plus ? Alaxan  ဆေးကုမ္ပဏီ တို့မှ တာဝန်ရှိသူများက Protech အားကစားအသုံးအဆောင်ပစ္စည်းများ၊ ဆုတံဆိပ်များကို အသီးသီး ချီးမြှင့်ပေးကြသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမျိုးသားအကြီးတန်းပြိုင်ပွဲ၌ ပထမ အာကာဘုန်းမြတ်၊ ဒုတိယ ချမ်းဝင်းဦး၊ ပူးတွဲတတိယ ဟိန်းစည်သူနှင့် စိုးဝမ်းဖစ် တို့အားလည်းကောင်း၊ အမျိုးအမီးအကြီးတန်းတစ်ဦးချင်းပြိုင်ပွဲ၌ ပထမ သက်ထားသူဇာ (ငှက်ခါး)၊ ဒုတိယ တွယ်တာဦးနှင့် တတိယ ခိုင်သဉ္ဇာ တို့အားလည်းကောင်း၊ အမျိုးသား/အမျိုးသမီးအကြီးတန်း (Mixed)  နှစ်ယောက်တွဲပြိုင်ပွဲ၌ ပထမ ချမ်းဝင်းဦးနှင့်သက်ထားသူဇာအတွဲ၊ ဒုတိယ ဟိန်းစည်သူတိုး နှင့် တွယ်တာဦးအတွဲ၊ အောင်မျိုးသန့်နှင့် အေးသီတာကျော်အတွဲတို့အား Protech အားပစ္စည်းများနှင့် ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ပေးသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဒိုင်လူကြီးများကော်မတီဥက္ကဌ ဦးရော်ဘင်တင် မှ နှစ်ယောက်ပေါင်း အသက်(၁ဝဝ)နှစ်(၂)ယောက်တွဲပြိုင်ပွဲ၌ ပထမဦးအောင်ပိုင် နှင့်  N.  ကိုကြီး အတွဲ၊ ဒုတိယ ထွန်းမောင် + စိုးမြင့်အတွဲ၊ပူးတွဲတတိယ အောင်ဇော်မြင့် + မျိုးကျော်သူ အတွဲနှင့် စိုးသန်း + သူရိန်အတွဲ တိုကအား ဆုတံဆိပ်နှင့် အားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသတင်းရရှိသည်။

 


back to top Eng