skip to content

နေပြည်တော်၊ ဇွန်(၃)ရက်။

စက်ဘီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါ ဝင်စားလာစေရန်၊ စက်ဘီးစီးခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရန်၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကျန်းမားရေးနှင့်အားကစား ဝန်ကြီးဌာန၊ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ်၊ World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် (၆:ဝဝ)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ ပေါင်းလောင်းအားကစားကွင်းရှေ့တွင် နေပြည်တော်ကောင်စီ၊ ဗိုလ်မှူးကြီးမင်းနောင်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးပါသည်။

အဆိုပါ လူထုစက်ဘီးစီးနင်းပွဲကို ပြည်ထောင်စုနယ်မြေ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁ဝဝ) ကျော်သည် ပေါင်းလောင်းအားကစားကွင်းရှေ့မှ- ပန်းခင်းလမ်း- ရထားသံလမ်းမှတဆင့် ရာဇာ ဌာနီလမ်း-ထိုမှတဆင့် ပေါင်းလောင်းအားကစားကွင်းသို့ ပန်းဝင်ခဲ့ကြောင်းသိရှိရပါသည်။


back to top Eng