Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများဆွတ်ခူး၊ ဒုတိယဝန်ကြီးတက်ရောက်ဆုချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာလ(၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၇) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၈ဝဝ)အပြေး၊ အမျိုးသား /အမျိုးသမီး မီတာ(၁ဝဝ)အပြေး၊ အမျိုးသား/အမျိုးသမီးတန်းမြင့်ခုန်၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်၊ အမျိုးသား/အမျိုးသမီး လှံတံပစ်၊ အမျိုးသား/ အမျိုးသမီးမီတာ(၄ ထ ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲ များကို ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကစားကြပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ ကျော်ဇေယျ(စစ်ကိုင်း)၊ ဒုတိယ သန်းသန်းစိုး(တနင်္သာရီ) ၊ တတိယ ရဲလင်းထွဋ် (ဧရာဝတီ)၊ အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ ဖြူဖြူထွေး( တနင်္သာရီ)၊ ဒုတိယ လပြည့်ဝင်း(ပဲခူး) ၊ တတိယ ခင်စံပယ်ဦး (ကရင်)၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ပထမ ဝေယံစိုး(တနင်္သာရီ)၊ ဒုတိယ ကျော်ကျော်ဦး (မကွေး)၊ တတိယ ကျော်ဇေယျအောင်(မန္တလေး)၊ အမျိုးသားမီတာ(၁ဝဝ)ပြိုင်ပွဲတွင် ပထမ ဟိန်းကျော်(မန္တလေး)၊ ဒုတိယ ခွန်ခွန်(ကရင်)၊ တတိယ ကျော်ထိုက်(တနင်္သာရီ)၊ အမျိုးသမီး မီတာ(၁ဝဝ)ပြိုင်ပွဲတွင် ပထမ မြသဉ္ဇာဝင်း(မန္တလေး)၊ ဒုတိယ ဇာဇာမိုး(တနင်္သာရီ)၊ တတိယ ရတနာမိုးမြင့် (ရခိုင်)၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ နန်းအိစိုး(စစ်ကိုင်း)၊ ဒုတိယ ရှင်းသီရိစိုး(တနင်္သာရီ)၊ တတိယ အေးယုလင်း(မကွေး)၊ အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ ရဲနိုင်(စစ်ကိုင်း)၊ ဒုတိယ အောင်နိုင်လင်း(တနင်္သာရီ)၊ တတိယ စောခင်ဇော်(ကရင်)၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ ဆွေဇင်အောင်(တနင်္သာရီ)၊ ဒုတိယ ချောချောခင်(စစ်ကိုင်း)၊ တတိယ ဝေလွင်(မကွေး)၊ အမျိုးသား မီတာ(၈ဝဝ)ပြိုင်ပွဲတွင် ပထမ မင်းမင်းဇော်(မန္တလေး)၊ ဒုတိယ တင့်ခိုင်ရွှေ (မကွေး)၊ တတိယ ကျော်မင်းဦး (မွန်)၊ အမျိုးသမီး မီတာ(၈ဝဝ)ပြိုင်ပွဲတွင် ပထမ ခင်မာထွေး (တနင်္သာရီ)၊ ဒုတိယ အိသက်မွန် (ရှမ်း)၊ တတိယ ထူးထူးအောင်(စစ်ကိုင်း)၊ အမျိုးသား မီတာ(၄ x ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (မန္တလေးတိုင်းဒေသကြီးအသင်း)၊ ဒုတိယ (တနင်္သာရီတိုင်းဒေသကြီးအသင်း)၊ တတိယ (မကွေးတိုင်းဒေသကြီးအသင်း)၊ အမျိုးသမီး မီတာ (၄ x ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (တနင်္သာရီတိုင်းဒေသကြီးအသင်း)၊ ဒုတိယ(စစ်ကိုင်းတိုင်းဒေသကြီးအသင်း)၊ တတိယ (မကွေးတိုင်းဒေသကြီးအသင်း) တို့မှ ဆုများအသီးသီးရရှိခဲ့ပြီး အဆိုပါဆုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ၂ဝ၁၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ အောင်လင်းထွန်း (စစ်ကိုင်း) ရရှိခဲ့သော စံချိန်၁.၈ဝမီတာကို ကျော်လွန်၍ ယခုပြိုင်ပွဲတွင် ကျော်ဇေယျ (စစ်ကိုင်း)မှ စံချိန်၁.၈၁မီတာဖြင့် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
အမျိုးသားမီတာ(၈ဝဝ)အပြေးပြိုင်ပွဲတွင် မင်းမင်းဇော် (မန္တလေး) မှ ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် မီတာ(၈ဝဝ)အပြေးပြိုင်ပွဲတွင် ရရှိခဲ့သော ၁မိနစ်၅၉ဒသမ၆ဝစက္ကန့် စံချိန်ထက်ကျော်လွန်ပြီး ယခုပြိုင်ပွဲတွင်ထပ်မံ၍ ၁မိနစ်၅၈ဒသမ၅၁စက္ကန့်ဖြင့် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
19 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display