Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာလ(၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၇) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပပြုလုပ်ပါသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် မီတာ(၄ဝဝ)အပြေး (ကျား/မ)၊ မီတာ(၁၁ဝ)တန်းကျော်ပြေး(ကျား) ၊ မီတာ(၁ဝဝ)တန်းကျော်ပြေး (မ)၊ တုတ်ထောက်ခုန်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ မီတာ(၄ ထ ၁ဝဝ) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၃ဝဝဝ)အပြေး(ကျား/မ) များကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီး သံလုံးပစ်ပြိုင်ပွွဲတွင် ပထမ ခိုင်သင်းဝေ (မကွေး)၊ ဒုတိယ ဆွေဆွေအောင် (တနင်္သာရီ)နှင့် တတိယ လှဝင်းခန့် (စစ်ကိုင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လည်းကောင်း၊ အမျိုးသား မီတာ (၃ဝဝဝ) ပြိုင်ပွဲတွင် ပထမ ပေါင်လမ့်စန် (ချင်း)၊ ဒုတိယ ဇော်မင်းထွန်း(နေပြည်တော်) နှင့် တတိယ တင်နိုင်ဝင်း (တနသင်ာ္ရီ) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှ လည်းကောင်း၊ အမျိုးသမီး မီတာ(၃ဝဝဝ) ပြိုင်ပွဲတွင် ပထမ သွက်လက်ချို(မွန်)၊ ဒုတိယ ထားသဇင်အေး(စစ်ကိုင်း) နှင့် တတိယ ခင်သူဇာဇော် (တနင်္သာရီ) တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၄ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၁ဝ)တန်းကျော်ပြေး (ကျား)၊ မီတာ(၁ဝဝ)တန်းကျော်ပြေး (မ)၊ တုတ်ထောက်ခုန်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ မီတာ(၄
x
၁၀၀) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၃ဝဝဝ)အပြေး(ကျား/မ)၊ မီတာ (၁ဝဝဝဝ) လမ်းလျှောက် (ကျား)၊ မီတာ (၅ဝဝဝ)လမ်းလျှောက် (မ)၊ အလျားခုန် (ကျား/မ)၊ သံပြားဝိုင်းပစ် (ကျား/မ)၊ မီတာ(၄ဝဝ) တန်းကျော်ပြေး (ကျား/မ)၊ မီတာ(၂ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၅ဝဝ) အပြေး (ကျား/မ)၊ မီတာ (၈ဝဝ) အပြေး (ကျား/မ)၊ မီတာ (၁ဝဝ)အပြေး (ကျား/မ)၊ တန်းမြင့်ခုန် (ကျား/မ)၊ သုံးဆင့်ခုန် (ကျား/မ)၊ လှံတံပစ်(ကျား/မ)နှင့် မီတာ(၄
x
၄၀၀) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း (၁၅)သင်း အားကစားသမား(၃၂၉)ဦး ဖြင့် (၃.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၅.၁ဝ.၂ဝ၁၈)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ကွင်းအမှတ်(၁)တို့တွင် နေ့စဉ် နံနက်(၇)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစား ကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို
အခမဲ့
လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display