skip to content
 
 
နေပြည်တော်၊ အောက်တိုဘာလ(၇)ရက်။
 
မန္တလေးမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော ၂ဝ၁၈ခုနှစ် အာရှလူငယ် U-15နှင့် U-17 တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် မန္တလေးမြို့၊ မန္တလာသီရိ(ဘက်စုံသုံး) မိုးလုံလေလုံအားကစားရုံ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ခဲ့ပါသည်။
 
ရှေးဦးစွာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ထိုင် အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကြရာ အင်ဒိုနီးရှားအသင်းမှ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ အင်ဒိုနီးရှားအသင်း၊ ဒုတိယ ထိုင်းအသင်းနှင့် ပူးတွဲတတိယ မလေးရှားအသင်းနှင့် ဟောင်ကောင်အသင်းတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
 
ဆက်လက်၍ အသက်(၁၇)နှစ်အောက် အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ ဗိုလ်လုပွဲတွင် ဟောင်ကောင်အသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဟောင်ကောင်အသင်းမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၅)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဂျပန်အသင်းမှ Hina Akechi နှင့် ထိုင်းအသင်းမှ Thamonwan Nithiittiktai တို့ ယှဉ်ပြိုင်ကြရာ ဂျပန်အသင်းက အားကစားသမားမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၇)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းအသင်းမှ Benyapa Aim Saatd နှင့် အင်ဒိုနီးရှားအသင်းမှ Aisyal Sativa Fatetani တို့ ယှဉ်ပြိုင်ကြရာ ထိုင်းအသင်းက အားကစားသမားမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
 
ဆက်လက်၍ အသက်(၁၅)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်တိုင်ပေ အသင်းမှ Kuo Kuan Linနှင့် ကိုရီးယားအသင်းမှ Kil Byung Jaeတို့ယှဉ်ပြိုင်ကစားကြရာ တရုတ်တိုင်ပေမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၇)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ကိုရီးယားအသင်းမှ Jimyoungနှင့် တရုတ်တိုင်ပေအသင်းမှ Huang Yu Kai တို့ ယှဉ်ပြိုင်ကြရာ ကိုရီးယားမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများကို အာရှကြက်တောင်အဖွဲ့ချုပ်အတွင်းရေးမှူး Kim Hongki Greg သစ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၅)နှစ်အောက် အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ကိုရီးယားအသင်းနှင့် အိန္ဒိယအသင်းတို့ယှဉ်ပြိုင်ကြရာ အိန္ဒိယအသင်းမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၇)နှစ်အောက် အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ထိုင်းနိုင်ငံ (က)အသင်းနှင့် ထိုင်းနိုင်ငံ (ခ)အသင်းတို့ယှဉ်ပြိုင်ရာ ထိုင်းနိုင်ငံ (က)အသင်းမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၅)နှစ်အောက် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် မလေးရှားအသင်းတို့ယှဉ်ပြိုင်ကြရာ မလေးရှားအသင်းမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အသက်(၁၇)နှစ်အောက် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် တရုတ်တိုင်ပေအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြရာ မလေးရှားအသင်းမှ အနိုင်ရရှိခဲ့ပြီး အဆိုပါဆုများအား မန္တလေးတိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီဥက္ကဌ ဦးမျိုးကျော်ဝင်းမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ခဲ့ပါသည်။
 
အဆိုပါ ၂ဝ၁၈ခုနှစ် အာရှလူငယ် U-15 နှင့် U-17 တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ရွှေ(၂)၊ ငွေ(၄)၊ ကြေး(၃)ဖြင့်လည်းကောင်း၊ မလေးရှားအသင်းမှ  ရွှေ(၂)၊ ကြေး(၄)ဖြင့်လည်းကောင်း၊ ကိုရီးယားအသင်းမှ ရွှေ(၁)၊ ငွေ(၂)၊ ကြေး(၃)ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ရွှေ(၁)၊ ငွေ(၂)၊ ကြေး(၁)ဖြင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)အသင်းမှ ရွှေ(၁)၊ ငွေ(၂)ဖြင့်လည်းကောင်း၊ အိန္ဒိယအသင်းမှ ရွှေ(၁) ကြေး(၄)ဖြင့်လည်းကောင်း၊ ဟောင်ကောင်အသင်းမှ ရွှေ(၁) ၊ကြေး(၃)ဖြင့်လည်းကောင်း၊ ဂျပန်အသင်းမှ ရွှေ(၁)၊ ကြေး(၂)ဖြင့်လည်းကောင်းအသီးသီးရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

back to top Eng