Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် အာရှအသက်(၁၇)နှစ်အောက်နှင့် အသက်(၁၅)နှစ်အောက် ကြက်တောင်ပြိုင်ပွဲနှင့် (၅)နိုင်ငံ ဖိတ်ခေါ်Criterium စက်ဘီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ စက်တင်ဘာ(၂၂)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် မန္တလေးမြို့၌ လက်ခံကျင်းပမည့် ၂ဝ၁၈ခုနှစ် အာရှအသက်(၁၇)နှစ်အောက်နှင့် အသက်(၁၅)နှစ်အောက် ကြက်တောင်ပြိုင်ပွဲနှင့် (၅)နိုင်ငံ ဖိတ်ခေါ် ဃမငအနမငကာ စက်ဘီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်(၈)နာရီအချိန်တွင် မန္တလေးမြို့အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး တို့နှင့်အတူ မန္တလေးတိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်မင်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူနှင့် တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးတိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတကာပြိုင်ပွဲဖြစ်သည့် အာရှအသက်(၁၇)နှစ်အောက်နှင့် အသက်(၁၅)နှစ်အောက် ကြက်တောင်ပြိုင်ပွဲနှင့် (၅)နိုင်ငံ ဖိတ်ခေါ်
Criterium
စက်ဘီးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ရှိအေးချမ်းသာယာတိုးတက်မြင့်မားနေမှုကို နိုင်ငံတကာမှ သိရှိလာစေရန်၊ ကြက်တောင်အားကစား နှင့် စက်ဘီးအားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စား လာစေပြီး ကြက်တောင်အားကစားနှင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပိုမိုထွက်ပေါ်လာစေရန် အာရှအဆင့်ပြိုင်ပွဲများ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများတွင် ကြက်တောင်အားကစားနှင့် စက်ဘီးအားကစားနည်းများ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရေး စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပြိုင်ပွဲနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြရာတွင် အာရှ အသက်(၁၅)နှစ်အောက်နှင့် အသက်(၁၇)နှစ်အောက် ကြက်တောင် ပြိုင်ပွဲကို မန္တလေးမြို့ရှိ ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံကြီး၌ ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အောက်တိုဘာလ(၃) ရက်နေ့မှ (၇)ရက်နေ့အထိ ပြိုင်ပွဲဝင်(၁၆)နိုင်ငံမှ ပြိုင်ပွဲဝင် အားကစားသမားဦးရေ (၄၂ဝ)ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲအား မန္တလေးမြို့ ကျုံးမြောက်ဘက် ရှိ(၁၂) လမ်း၌ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ပြိုင်ပွဲဝင်(၅) နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမားဦးရေ (၇၂)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲ ကျင်းပနေရာ၊ တည်းခိုနေရာများ၌ လုံခြုံရေး၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ပြိုင်ပွဲတွင် ထိခိုက်မှု ပေါ်ပေါက်လာပါက ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံအချင်းချင်းဆက်သွယ် ပြောဆိုနိုင်ရေး၊ ပြိုင်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိရှိကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးကိစ္စများ၊ ပြိုင်ပွဲကျင်းပနေစဉ် လျှပ်စစ်မီး မပြတ်တောက်စေရေး၊ ပြိုင်ပွဲဝင်များ
Visa
ကိစ္စ အချိန်မီ အဆင်ပြေစေရေး ပြိုင်ပွဲပစ္စည်းများ ယူဆောင်လာမှုအတွက် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေစေရေး၊ ပြိုင်ပွဲတွင် တာဝန်ထမ်ဆောင်မည့်
Liaison Officer
အဆင်ပြေ ဆက်ဆံအသုံးပြု နိုင်ရေး စသည့်ကိစ္စရပ်များကို ဒေသခံရှိ မန္တလေးတိုင်းအစိုးရအဖွဲ့မှ ကြီးကြပ်ကွပ်ကဲ၍ ပါဝင် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များအား တင်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌနှင့် စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌတို့မှ ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော မန္တလေးတိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကူညီပါဝင်ဆောင်ရွက်ရမည့် ကိစ္စ ရပ်များကို အသီးသီးဝိုင်းဝန်း တင်ပြဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဝန်ကြီးချုပ်မှ ဖြည့်စွက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးလမ်ညွှန်မှာကြားပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဆိုပါပြိုင်ပွဲများကို မန္တလေးမြို့၌ လက်ခံကျင်းပရခြင်းအတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာမည်ကို ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲကျင်းပနေမှုအား မန္တလေးမြို့ရှိ လူငယ်များ ပိုမိုသိရှိ ကြည့်ရှု့နိုင်ရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းများကိုပိုမိုတိုးမြင့် ဆောင်ရွက်သွားကြရန် စီစဉ်ထားရှိမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေး လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်စေမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးတွင် မန္တလေးမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များမှ အဓိက
Sponsor
ရရှိရေး ကို ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ပြိုင်ပွဲကျင်းပမှုနှင့်အတူ မိမိတို့နိုင်ငံ မိမိတို့မြို့၏ ပုံရိပ်ကိုအတူတကွ မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းမှာကြားရင်း အစည်းအဝေးအား ရုပ်သိ်မ်းခဲ့ကြောင်း သတင်းရရှိပါသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display