Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် အားကစားနည်းဆိုင်ရာသုတေသန သင်တန်း/ဆွေးနွေးပွဲ တွင်ညွှန်ကြားရေးမှူးချုပ်တက်ရောက်ဖွင့်လှစ်
နေပြည်တော်၊ စက်တင်ဘာ(၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၁၈ခုနှစ် အားကစားနည်းဆိုင်ရာသုတေသန သင်တန်း/ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း
Multipurpose Hall
၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းဆိုင်ရာသုတေသနသင်တန်းဆရာ/ဆရာမများ၊ ဆေးသုတေသနဦးစီးဌာနနှင့် ဆေးဘက်ဌာနခွဲမှ ကျွမ်းကျင်ပညာရှင်များ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဦးဆောင်ဆွေးနွေးမည့်သူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဝန်ထမ်းများအားလုံး သုတေသနလုပ်ငန်းဆိုင်ရာများ နားလည်သဘောပေါက်လာစေရန်နှင့် လက်တွေ့ပိုင်းဆိုင်ရာ သုတေသနပြု ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် ရည်ရွယ်ပါကြောင်း၊ ဝန်ထမ်းများမှ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာဆန်းသစ်ပြောင်းလဲမှု၊ ပတ်ဝန်းကျင်ပြောင်းလဲမှု၊ ပြီးပြည့်စုံသည့် ပုံဖော်မှုဖြစ်လာ စေရန် လေ့လာစူးစမ်းခြင်း၊ မေးခွန်းများမေးခြင်း၊ စာပေလေ့လာခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အချက်အလက် စုဆောင်းခြင်း၊ ကောက်ချက်ချခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး တွေ့ရှိချက်များအပေါ် ဝေဖန်သုံးသပ် အကြံပြုချက်များ ပေါ်ထွက်လာစေရေးအတွက် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူတိုင်းစိတ်ဝင်စားပြီး သိရှိနားလည်သဘောပေါက်စေရန်အတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသုတေသန သင်တန်း/ဆွေးနွေးပွဲ
Seminar
ကြီးက ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို ရယူပြီး သုတေသနလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများကို ကျင့်သုံးကာ အားကစားစီမံကိန်းနှင့် သုတေသန လုပ်ငန်းတာဝန်ကြီး (၉)ရက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ မှာကြားရင်း ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်အား အားကစားနည်းဆိုင်ရာ သုတေသနလုပ်ငန်း၊ သင်တန်း ဆရာများနှင့် ဦးဆောင်ဆွေးနွေးမည့်သူများမှ မိတ်ဆက်ဂါရဝပြုကြပါသည်။
ဆက်လက်၍ တာဝန်ရှိသူများမှ သင်တန်းဆရာများ၊ ဦးဆောင်ဆွေးနွေးမည့်သူများအား အမှတ်တရ လက်ဆောင်များပစ္စည်းကို အသီးသီးပေးအပ်ခဲ့ကြပါသည်။
ထို့နောက် အာဟာရမုန့်များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ၂ဝ၁၈ခုနှစ် အားကစားနည်းဆိုင်ရာသုတေသန သင်တန်း/ဆွေးနွေးပွဲ တွင် သင်တန်းသား၊ သင်တန်းသူ(၆ဝ)ဦးတက်ရောက်သင်ကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display