skip to content
 
ရန်ကုန်၊ နိုဝင်ဘာလ(  ၂၈   )ရက်။
 
အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၄)ကြိမ်မြောက် Japan Cup Judo ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်း၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီး H.E. Mr . Ichiro  Maruyama၊ သံရုံး Counsellor Ms.TOMOKO YOSHIHIRO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ ဆုရအားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
 
ရှေးဦးစွာ အမျိုးသား(၈၁)ကီလိုတန်း ဗိုလ်လုပြိုင်ပွဲတွင် စောမိုင်းစံ (ပို့/ဆက်)က မင်းထက်ဦး(မွန်ပြည်နယ်)ကို လည်းကောင်း၊ အမျိုးသမီး(+၇၈)ကီလိုတန်းပြိုင်ပွဲ၌ ခင်မျိုးသူ(ပို့ /ဆက်)က ဒေဗောရာ (အား/ကာ) ကိုလည်းကောင်း အသီးသီးအနိုင်ရရှိကြပြီး ဆုပေးပွဲ ကိုဆက်လက်ကျင်းပရာအမျိုးသား(-၄၅)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၇၃) ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(-၅ဝ)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၅၅)ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(-၉ဝ)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၆ဝ)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၁ဝဝ) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၆၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(+၁ဝဝ)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(-၃၅ယ -၅၇,-၄ဝ,-၆၃,-၄၅,-၇ဝ,-၄၈,-၇၈,-၅၂, +၇၈ ) ကီလိုတန်းပြိုင်ပွဲများတွင်  ပထမ၊ဒုတိယ၊ ပူးတွဲတတိယ ဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များကို မြန်မာနိုင်ငံဂျပန် သံရုံးမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
 
 
 
ဆက်လက်ပြီး အငယ်တန်းအသန့်ရှင်းဆုံး(အမျိုးသားဆု)ကို (-၈၁)ကီလိုတန်းမှ မောင်ကျော်ဇင်ထက်(အား/ကာသိပ္ပံ-ရန်ကုန်)မှလည်းကောင်း၊ အငယ်တန်းအသန့်ရှင်းဆုံး (အမျိုးသမီးဆု)ကို (-၆၃)ကီလိုတန်းမှ မဆောင်းဦးဝေ (အား/ကာသိပ္ပံ-မန္တလေး)မှလည်းကောင်း၊ အငယ်တန်းအတိုးတက်ဆုံး (အမျိုးသားဆု)ကို (-၆ဝ)ကီလိုတန်းမှ စိုင်းဆိုင်လောင်အွမ် (အား/ကာသိပ္ပံ-မန္တလေး)မှလည်းကောင်း၊ အငယ်တန်းအတိုးတက်ဆုံး(အမျိုးသမီးဆု)ကို (-၄၈)ကီလိုတန်းမှ မဖေလေးကုံ (အား/ကာသိပ္ပံ-ရန်ကုန်)မှလည်းကောင်း၊ အကြီးတန်းအတိုး တက်ဆုံး (အမျိုးသားဆု)ကို (-၅၅)ကီလိုတန်းမှ ပြည့်ဖြိုးအောင်(မွန်ပြည်နယ်)မှလည်းကောင်း၊ အကြီးတန်းအတိုးတက်ဆုံး (အမျိုးသမီးဆု)ကို (-၅၂)ကီလိုတန်းမှ မအေးမာလာ(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)မှလည်းကောင်းအသီးသီးရရှိကြပြီး အဆိုပါဆုရရှိကြသူများအား အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိ သူများ၊ Japanese Chamber of Commerce and  Inductry Myanmar  မှ Vice Chairman Mr. Hisakazu Maeda  တို့မှ  ချီးမြှင့်ပေးသည်။
 
ဆက်လက်ပြီး အငယ်တန်းအကောင်းဆုံး(အမျိုးသားဆု)ကို (-၅၅)ကီလိုတန်းမှ ဇင်ကို  (အား/ကာသိပ္ပံ-ရန်ကုန်)၊ အငယ်တန်းအကောင်းဆုံး (အမျိုးသမီးဆု)ကို (-၅၂)ကီလိုတန်းမှ မအေးပပဖြိုး(အား/ကာသိပ္ပံ-ရန်ကုန်)၊အကြီးတန်းအကောင်းဆုံး (အမျိုးသားဆု)ကို (-၆၆)ကီလိုတန်းမှ အောင်ဇေယျာထွန်း (ကာကွယ်ရေးဝန်ကြီးဌာန)နှင့် အကြီးတန်းအကောင်းဆုံး (အမျိုးသမီးဆု)ကို  (-၅၇)ကီလိုတန်းမှ မနွယ်နီပွင့်လှိုင် (ပြည်ထဲရေးဝန်ကြီးဌာန)တို့မှ ရရှိကြပြီး အဆိုပါဆုများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသံအမတ်ကြီး H.E. Mr . Ichiro  Maruyamaာ နှင့် Jcci Myanmar  မှ Vice Chairman Mr. Hisakazu Maeda  တို့မှ  ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ရွှေ(၇)၊ငွေ(၂)၊ကြေး(၃)ခုဖြင့် အငယ်တန်းတံခွန်စိုက်ဆုဖလား ရရှိသွားသည့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရွှေ(၉)၊ငွေ(၆)၊ကြေး(၈)ခုဖြင့် အကြီတန်း တံခွန်စိုက်ဆုဖလားရရှိသွားသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့အား မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းမှ တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

back to top Eng