skip to content

နေပြည်တော်၊သြဂုတ်လ(၁)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ပွဲစဉ်များအား ယနေ့နံနက် (၁၁:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B) ရုံ နှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားရာ သီရိလင်္ကာကလပ် လန်ကာအသင်းမှ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းကို (၂ဝ-၂၅)၊ (၂၃-၂၅)၊ (၂၅-၁၆)၊ (၂၅-၂၃)၊ (၁၅-၁၁) ဖြင့်လည်းကောင်း၊ နေ့လည် (၁၃:၃ဝ) နာရီအချိန်တွင် ကာဇက်စတန်ကလပ် Atyrau အသင်းမှ ဂျပန်ကလပ် တိုရေးအသင်းကို (၂၂-၂၅)၊ (၂၅-၂၃)၊ (၂၂-၂၅)၊ (၂၅-၁၉)၊ (၁၅-၁၁) ဖြင့်လည်းကောင်း၊ သြစတေးလျကလပ် ကန်ဘီရာ အသင်း မှ ဟောင်ကောင်ကလပ် ယန်ချိုင်အသင်း ကို (၂၂-၂၅)၊ (၁၉-၂၅)၊ (၂၅-၂၂)၊ (၂၅-၂၂)၊ (၁၅-၁၂) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား လျက်ရှိကြောင်း သတင်းရရှိပါသည်။

(၂.၈.၂ဝ၁၈)ရက်နေ့တွင် ပြိုင်ပွဲများ နားမည်ဖြစ်ပြီး (၃.၈.၂ဝ၁၈)ရက်နေ့ နံနက်(၁၁:ဝဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ ဒုတိယအဆင့်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


back to top Eng