Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလား ရှမ်းပြည်နယ်အသင်းမှဆွတ်ခူးရရှိ၊ အမျိုးသမီးတံခွန်စိုက်ဆုဖလား စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှဆွတ်ခူးရရှိ
နေပြည်တော်၊သြဂုတ်လ(၂၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် ဘတ်စကက်ဘော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင််ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ထို့နောက် အမျိုးသမီးဗိုလ်လုပွဲယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၇၂)မှတ်(၅၃)မှတ်ဖြင့် လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၇၅)မှတ် (၆၉)မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။
ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁၅) ကျော်လင်းအောင်(မန္တလေး)နှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၆) အိအိထွန်း (စစ်ကိုင်း)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစား နှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမိုင်းအုဏ်းခိုင်မှလည်းကောင်း၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသွားသော ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစား နှင့် ယဉ်ကျေးမှု ဆိုင််ရာကော်မတီအဖွဲ့ဝင် ဦးစိုင်းဝမ်းလှိုင်ခမ်းမှ လည်းကောင်း၊ ဒုုတိယဆု ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ငွေမှ လည်းကောင်း၊ အမျိုးသမီးပထမတံခွန်စိုက် ဆုဖလား ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်းအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်မှ လည်းကောင်း၊ အမျိုးသားပထမတံခွန်စိုက် ဆုဖလား ရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ကျန်းမာရေးအားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display