skip to content
 
နေပြည်တော်၊ မေ(၁၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းကို ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲ အုပ်စုပွဲစဉ်များ အဖြစ် ဘိလိယက်တစ်ဦးချင်းရှုံူံး/ထွက်အဆင့်ပွဲစဉ်များ၊ စနူကာတစ်ဦးချင်းရှုံး/ထွက်အဆင့် ပွဲစဉ်များ၊ ဘိလိယက်နှစ်ယောက်တွဲအုပ်စုပွဲစဉ်များ၊ စနူကာနှစ်ယောက်တွဲအုပ်စုပွဲစဉ်များ၊ အုပ်စုပွဲစဉ်စုစုပေါင်း(၂၂)ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ကစားသမား (၁၃၄)ဦးသည် ယနေ့နံနက်(၁ဝးဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ ယှဉ်ပြိုင်ကစားလျက်ရှိပါသဖြင့် ဘိလိယက်နှင့်စနူကာအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။  
 
  
 
 
 

back to top Eng