skip to content
 
နေပြည်တော်၊ သြဂုတ်လ(၂၃)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် (၈းဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (ြ)၌ ကျင်းပပြုလုပ်ရာ အမျိုးသား အုပ်စုပွဲစဉ်များ အဖြစ်ယှဉ်ပြိုင်ရာ ကရင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို(၆ဝ)မှတ်၊ (၅၇)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို(၇၇)မှတ်၊ (၄၇)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၉၉)မှတ်၊ (၇၃)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာ ကရင်ပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းကို (၄၉)မှတ်၊ (၂၄)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၈ဝ)မှတ်၊ (၃၅)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
ဆက်လက်၍ ညနေပိုင်းပွဲစဉ်များတွင်  အမျိုးသမီးပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်း ဒေသကြီးအသင်း၊ အမျိုးသားပွဲစဉ်အဖြစ် တနသင်ာ္ရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
 
အဆိုပါ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲကို (၂၁.၈.၂ဝ၁၈) ရက်နေ့ မှ (၂၇.၈.၂ဝ၁၈)ရက်နေ့အထိ ကျင်းပပြုုလုပ်သွားမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီးအုပ်စု ပတ်လည် ပွဲစဉ်များကို နံနက် (၈)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng